အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီးဌာနဟာ ကိုဗစ်-၁၉ ချေးငွေအဖြစ် နိုင်ငံတော်က ထုတ်ချေးပေးထားတဲ့ ကျပ် ဘီလီယံ (၂၀၀) ထဲက ပြန်ပေးဖို့ ကျန်နေသေးတဲ့ ကျပ် ၈၂ ဘီလီယံကို အမြန်ဆုံးပေးသွင်းဖို့လိုကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ချေးငွေကျပ် (၂၀၀) ဘီလီယံထဲက နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေနဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ စုစုပေါင်း ၁၁၈ ဘီလီယံ ပြန်လည်ကောက်ခံရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

စကစက ​ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ကိုဗစ် – ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး

လက်ရှိ အထွေထွေစျေးနှုန်းတွေ ကြီးမြင့်နေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွင်းက ထွက်ခွာနေချိန်မှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်အများစုဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့အပြင် ချေးငွေတွေကို ပြန်လည်ပေးဆပ်ဖို့လည်း ဖိအားပေးခံနေရတာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရန်ပုံငွေက ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေဟာ ၂၀၂၅ ခုနှစ်အတွင်း ခွင့်ပြုပေးထားတဲ့ သက်တမ်းပြည့်တော့မှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။  

စစ်အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းရှင်အများစုဟာ ကျပ်ငွေတန်ဖိုးထိုးကျခြင်း၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားအင်အား ရှားပါးခြင်း၊ ပို့ကုန်ဒေါ်လာတွေ စစ်တပ်ထံ အပ်နှံရမှု ၊ သွင်းကုန်လိုင်စင် မရရှိမှု၊ လျှပ်စစ်မီးနှင့်စက်သုံးဆီ မလုံလောက်မှု အပါအဝင် ပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက တပ်ရင်းရှိ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက စားဝတ်နေရေး အခက်အခဲရှိတဲ့ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်မ ၄၄ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရ၊ ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။