ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မှာ လျှပ်စစ်မီးဖြတ်တောက်ထားမှု အပေါ်ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

စစ်ကောင်စီက နိုင်ငံ့ဘဏ္ဍာအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အသုံးပြုမည့်အစား လူထုကို အကြမ်းဖက်ဗုံးကြဲသတ်ဖြတ်ရန် အသုံးပြုနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် “ဗုံးမကြဲနဲ့ မီးပေး” ဟုဆိုကာ ဆန့်ကျင်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပါတယ်။

(ဓာတ်ပုံ ဗကသများ အဖွဲ့ချုပ်)
0 Shares:
You May Also Like
Read More

ကလေးမြို့နယ်ရှိ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းကို တော်လှန်ရေးတပ်များ အပြီးသတ် ချေမှုန်းသိမ်းပိုက်၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထား

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်တစ်ဖြစ်လည်း နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။