ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်အတွင်း YBS 27 ပေါ်ကို တက်ပြီး စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ် လူတချို့က လူငယ် ၃ယောက်ကို ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network (RSN) က ပြောထားသလို မျက်မြင်တွေ့ရှိသူတစ်ယောက်ကလည်း မောင်းကို ပြောပါတယ်။

“(ဇန်နဝါရီလ) ၁၅ရက်နေ့ ညနေ ၅နာရီခွဲလောက်က အရပ်ဝတ်ဝတ်ထားတဲ့ လူ၂ယောက်က ကားပေါ်ပါလာတဲ့ လူငယ်၃ယောက်ကို လက်ထိပ်ခတ်ပြီးဖမ်းဆီးသွားတာတွေ့တယ်။ 

အရပ်ဝတ်နဲ့ သေနတ်တွေကိုင်ထားတော့ စစ်သားလား ရဲလားမသိဘူး။ ကျိုက္ကဆံမှတ်တိုင်နဲ့ ဘုရားလမ်းမရောက်ခင်မှာ သူတို့စီးလာတဲ့ အရပ်ကားပေါ် ဆွဲတင်သွားတာ” လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက် မနေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက် ဇဗ္ဗူဒိတ်လမ်းပေါ်မှာ စစ်သား ၄ယောက်၊ ရဲ ၃ယောက်နဲ့ အရပ်ဝတ်လူ ၃ ယောက်က လူငယ် ၂ယောက်ကို လက်ထိပ်ခတ် ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ RSN က ပြောထားပါတယ်။ အဲဒီနေ့မှာပဲ သင်္ဃန်းကျွန်း ၁၆/၁ ရပ်ကွက်ထဲမှာ ကွန်ဒိုတိုက်တစ်ခုပေါ်က လူတွေကို အောက်ဆင်းခိုင်းပြီး ဝင်ရောက်ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အင်အားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုနောက်ပိုင်း မြို့ပြတော်လှန်ရေးရဲဘော်တွေကို ချေမှုန်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူငယ်တွေကို စစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်မှုတွေလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယုံကြည်မှု၊ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းကောင်းနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ရေလာလေးစခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအတွက်ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ “စကားရည်လုပြိုင်ပွဲ” ဝက်လက်မြို့နယ် ဗကသ ဦးဆောင်ပြုလုပ်

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအနေနဲ့ "စကားရည်လုပြိုင်ပွဲ" တစ်ရပ်ကို ဝက်လက်ဒေသမှာ ၃ရက်ဆက်တိုက် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။