ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနေ့က ကျောက်ဂူဒေသမှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ နေ့လယ်ပိုင်းမှာ ဗုံးသီး ၃၁ လုံး၊ ညနေပိုင်းမှာ ဗုံးသီး ၂၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဆေးကုသပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရေးအရ အရေးပါတဲ့ ကျောက်ဂူဒေသကို စစ်ကောင်စီက ဇန်နဝါရီ ပထမအပတ်ကစလို့ စစ်အင်အားတွေ ဖြည့်တင်းနေပြီး DPLA နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို KNLA နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၅)တပ်မဟာနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာလ(၉)ရက်မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး KNU မူတြော်သတင်းစဥ်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့

မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ စစ်သား ၈၈ ယောက် သေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU - ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။
Read More

“ဝ” ထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆခန့်အထိ များလာ…

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။