ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခြင်းတို့ကြောင့်  ကျိုက်ထိုနဲ့ ဘီးလင်းက ကျေးရွာ စာသင်ကျောင်းတွေ၊ လမ်းမီးတိုင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၆ ရက် ညပိုင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်က  ၈၁ မမ  လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ အခိုင်ကျေးရွာအရှေ့ဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေဟာ အခိုင်ကျေးရွာနေ ဦးအောင်ငွေ ခြံထဲကို ၁ လုံး၊ ကိုဝင်းမောင် ခြံထဲကို ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းမီးတိုင်တွေ ပျက်စီးခဲ့ကာ နွား ၁ကောင်လည်း ထိခိုက်ခဲ့ပါတယ်။

ဘီးလင်းမြို့နယ်မှာလည်း ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းလောက်မှာ စစ်တပ်က တဂေးလောင်း ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်း (Suicide Drone) ၂ စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်‌ခေါင်မိုးကို ထိမှန်ခဲ့ပြီး ခေါင်မိုးနဲ့ မျက်နှာကျက်တွေ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
Read More

သူပုန်ဖြူ” ကဗျာစာအုပ်များလက်ဆောင်ပေးသည့် AA ကို ယောတပ်တော် ကျေးဇူးတင်

"သူပုန်ဖြူ" ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို လုပ်ဆောင်တာဟာ "သူပုန်ဖြူ Team" က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင် အတော်များများ အရေပြားရောဂါနှင့် ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ က ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်တော်များများဟာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။