ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာနဲ့ ကနီမြို့နယ်၊ နွားခြံကုန်းရွာ တို့ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူတွေ ဒဏ်ရာရခဲ့တယ်လို့ တပ်ရင်း ၂၇ သတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာန (ရင်းမြစ်ဌာနေ) ထံမှ သိရပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်‌နေ့တွင် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကြောင်းထိုးထွက်ခွာလာတဲ့စစ်ကောင်စီက ဦးသာပုံကိုင်းကျေးရွာမှ၁၂၀ မမ လက်နက်ကြီးများဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့်ကျောက်မှော်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦး ၅ လုံးပျက်စီးခဲ့ရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကတော့ နမခတိုင်းစစ်ဌာနချုပ်ရဲ့ ကာကင်းစခန်း ရှပ်ပြေးတောင်မှလွှတ်တင်တဲ့ ဒရုန်းဟာကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ  (ဓာတ်ပုံ ရင်းမြစ်ဌာနေ)

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာနေသည့် စစ်ရှောင်လမ်းကို ရွှေဘို ပကဖ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်ထောက်တိုင် ဒလန်တစ်ဦးကို တော်လှန်ရေးရဲဘော်များ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

လူ့အသက်များ စတေးထားရသည့် တော်လှန်ရေးဖြစ်တာကြောင့် သဘောထားများ တိုက်ဆိုင်အောင် ကြိုးပမ်းရမည်ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။