မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုအားကောင်းရာ ဆင်လူးကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်၊ မနက်အစောပိုင်းက စလို့ ဆင်လူးကျေးရွာအတွင်းက စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေဆီ လက်လုပ်စိန်ပြောင်း ၆၀ မမ အပါအဝင် ဒရုန်းဗုံးသီး အလုံး ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“၁၅ရက်နေ့ မနက် ၇ နာရီခွဲကနေ နေ့လယ်အထိ တိုက်ခိုက်ခဲ့တာပါ။ မြေပြင်သူတို့စခန်းပတ်ဝန်းကျင်မှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေရှိတယ်။ နင်းမိုင်းတွေ တိုက်မိုင်းတွေ ဆင်ထားတယ်ပေါ့။ အဲ့ဒါကြောင့် ဒရုန်းတွေနဲ့ချခဲ့တာပါ” လို့ မင်းဘူးခရိုင် အမှတ်- ၄တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးသွားနေသည့် တော်လှန်ရေးရဲဘော်များ

တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နေအိမ် ၁၀လုံးနီးပါးမီးလောင်ပျက်စီးပြီး ကင်းတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိမှု များခဲ့တာကြောင့် စလင်းမြို့ ကံပြားရွာဘက်ကနေ  လူနာတင်ကား၃စီးနဲ့ လာရောက်သယ်ဆောင်ခဲ့တယ်လို့လည်း မင်းဘူးခရိုင် အမှတ်- ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဆင်လူးကျေးရွာ ဒရုန်းနဲ့တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း အပါအဝင် ပေါက်-မြိုင် စုဖွဲ့မှု ပ.က.ဖ ၊  Yaung Force (PKU) ၊ Earthquake Defence Force (PKU) ၊ Joker (ပျောက်ကြားတပ်ဖွဲ့) ၊ စေတုတ္တရာ ပ.အ.ဖ နဲ့ မြိုင်မြို့နယ် ပ.က.ဖ (ဒရုန်းတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေစဉ်
ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေစဉ်

ပုသိမ်-မုံရွာ ကားလမ်းပိုင်းဘေးမှာရှိတဲ့ ဆင်လူးကျေးရွာဟာ စစ်အုပ်စုအားကောင်းရာ ကျေးရွာတစ်ခုဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေ မကြာခဏ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်လေ့ရှိပါတယ်။

“စစ်တပ်ကိုယ်တိုင်ကလည်း ဆင်လူးရွာကို အထိုင်စခန်းလို သတ်မှတ်ပြီး နေနေပါတယ်။ အဲ့ရွာမှာစစ်သားနဲ့ ပျူအင်အား ၁၂၀လောက် ရှိပါတယ်။ စစ်တပ်က လက်နက် ၇၀ ကျော် တပ်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။ အဲ့ရွာကနေ ပြည်သူ့စစ်ထဲကို မဝင်ချင်ဘဲ ပြည်သူဘက်ကိုပူးပေါင်းလာတာတွေလည်း ရှိပါတယ်။” လို့ မင်းဘူးခရိုင် အမှတ်- ၄ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီဟာ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေမှာ လူငယ်တွေကိုစစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် လူငယ်၊လူရွယ် ၅၀နီးပါး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်
0 Shares:
You May Also Like
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တည်ငြိမ်အေးချမ်းသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များ ဖျက်ဆီးတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင် စွပ်စွဲ

တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။