ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်အတွင်း YBS 27 ပေါ်ကို တက်ပြီး စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ် လူတချို့က လူငယ် ၃ယောက်ကို ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network (RSN) က ပြောထားသလို မျက်မြင်တွေ့ရှိသူတစ်ယောက်ကလည်း မောင်းကို ပြောပါတယ်။

“(ဇန်နဝါရီလ) ၁၅ရက်နေ့ ညနေ ၅နာရီခွဲလောက်က အရပ်ဝတ်ဝတ်ထားတဲ့ လူ၂ယောက်က ကားပေါ်ပါလာတဲ့ လူငယ်၃ယောက်ကို လက်ထိပ်ခတ်ပြီးဖမ်းဆီးသွားတာတွေ့တယ်။ 

အရပ်ဝတ်နဲ့ သေနတ်တွေကိုင်ထားတော့ စစ်သားလား ရဲလားမသိဘူး။ ကျိုက္ကဆံမှတ်တိုင်နဲ့ ဘုရားလမ်းမရောက်ခင်မှာ သူတို့စီးလာတဲ့ အရပ်ကားပေါ် ဆွဲတင်သွားတာ” လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက် မနေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက် ဇဗ္ဗူဒိတ်လမ်းပေါ်မှာ စစ်သား ၄ယောက်၊ ရဲ ၃ယောက်နဲ့ အရပ်ဝတ်လူ ၃ ယောက်က လူငယ် ၂ယောက်ကို လက်ထိပ်ခတ် ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ RSN က ပြောထားပါတယ်။ အဲဒီနေ့မှာပဲ သင်္ဃန်းကျွန်း ၁၆/၁ ရပ်ကွက်ထဲမှာ ကွန်ဒိုတိုက်တစ်ခုပေါ်က လူတွေကို အောက်ဆင်းခိုင်းပြီး ဝင်ရောက်ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အင်အားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုနောက်ပိုင်း မြို့ပြတော်လှန်ရေးရဲဘော်တွေကို ချေမှုန်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူငယ်တွေကို စစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်မှုတွေလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူများကို PDF များမှ ရေကြီးမှု သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့

တိုင်ဖွန်းမုန်တိုင်းအဆင့်ကနေ ​လျော့ကျလာတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာ​ကြောင့် မြန်မာနိုင်ငံတွင်း ရုတ်တရက်​ရေကြီးခြင်း ​ဘေးအန္တရာယ်တွေ ကြုံ​တွေ့လာရနိုင်တဲ့ မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူတွေကို သတိပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

ညောင်ရွှေ၊ ရေပူကျေးရွာကို စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။