အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ အပတ်စဉ် ၅ သင်တန်းဆင်းတွေဖြစ်ပြီး မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တို့ကတဆင့် စစ်မှုထမ်းစုဆောင်းခံခဲ့ရတာလို့ သိရပါတယ်။

အဲ့ဒီနောက် ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့က ဆိုပါတယ်။

ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်ရောက်လာသူ ၂ ဦး

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 နဲ့ MA11 သေနတ် ၁လက်စီအပြင် ကျည် ၂၅၈တောင့်၊ ဗုံး၁လုံးပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်ပြီး ဆုကြေးချီးမြှင့်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာသူထဲက ၁ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီး စစ်အုပ်စုဒေါက်တိုင်တွေကို ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနဲ့ ပေါင်(၃၀၀)ဗုံးတွေကို လေကြောင်းကနေ ကြဲချခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA တိုက်ခိုက်သီမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မောင်တောတွင် ၂ ရက်အတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း ၁၂၈ လုံးကို အာရက္ခတပ်တော် ရှင်းလင်းခဲ့ဟု ဆို

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်အတွင်း စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၁၂၈ လုံးကို AA က ရှင်းလင်းနိုင်ခဲ့တယ်လို့ အာရက္ခမင်းသမီး မီဒီယာ သတင်းဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊  ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။