ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။

ဒီပွဲကနေ ရရှိမယ့် ငွေတွေကို စစ်ဘေးရှောင်ပြည်သူတွေကို အဓိကထားလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ အလှူခံရရှိငွေ အားလုံးဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

Together နဲ့ ဖြတ် ရုပ်ရှင်တွေ အပါအဝင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်မယ့် စစ်ဘေးရှောင် ရန်ပုံငွေ ရုပ်ရှင်ပွဲကို လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသု၊ မင်းမော်ကွန်းနဲ့ ဒေါင်း တို့က ဖိတ်ခေါ်ထားပါတယ်။

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲ ပိုစတာ
0 Shares:
You May Also Like
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။