BGF နဲ့ DKBA တပ်ခေါင်းဆောင်တွေနဲ့ မြဝတီ (ရွှေကုက္ကိုလ်) မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ စောချစ်သူရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အခုလအတွင်း တရုတ်သရုပ်ဆောင် ဝမ်ရှင်းအပါအဝင် အခြားနာမည်ကြီးတချို့ဟာ ထိုင်းနိုင်ငံကို လာရောက်ခဲ့ကြပြီး အဲဒီကတဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံခဲ့ရမှုဟာ ထိုင်း၊ တရုတ် အာဏာပိုင်တွေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေအကြား ထိပ်တန်းကိစ္စ ဖြစ်သွားခဲ့ပြီးနောက်ပိုင်း စောချစ်သူက ဦးဆောင်ပြီး အခုလို အစည်းအဝေး ကျင်းပနေတာလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု၊ လိမ်လည်မှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အစည်းအဝေးအတွင်း မြဝတီ (ရွှေကုက္ကိုလ်မြို့) မှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးအနေနဲ့ လူကုန်ကူးမှု၊ လိမ်လည်လှည့်ဖြားတဲ့ အဖွဲ့တွေနဲ့ ဖောင်းပွနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းလုပ်ငန်းတွေနဲ့ ပတသက်တဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ပြီး အစီရင်ခံဖို့ လိုအပ်တဲ့ တင်းကြပ်တဲ့ လမ်းညွှန်ချက်တွေကို ချမှတ်ခဲ့ကြကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

စောချစ်သူတို့ရဲ့ လမ်းညွှန်ချက်ထဲမှာ အကျပ်ကိုင်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှု၊ အသက် ၁၈ နှစ်အောက် ကလေးတွေကို လုပ်အားပေးခိုင်းစေမှု၊ လူကုန်ကူးမှုကရတဲ့ အကျိုးအမြတ်တွေနဲ့ လိမ်လည်လှည့်ဖြားမှု လုပ်ငန်းတွေကို တားမြစ်ပိတ်ပင်ထားတာပါ။

အဲဒီ အစီအမံတွေကို ချိုးဖောက်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပိတ်သိမ်းခံရတာ၊ နယ်မြေကနေ နှင်ထုတ်ခံရတာတွေ ကြုံတွေ့ရမယ်လို့ ပြောထားပါတယ်။

အခုလ အစောပိုင်းထုတ်ပြန်တဲ့ လူကုန်ကူးစောင့်ကြည့်အဖွဲ့တွေရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံကို တရုတ်နိုင်ငံသား ၃၉၀၀ အပါအဝင် နိုင်ငံ ၂၁ ခုက လူပေါင်း ၆၀၀၀ ကျော် လူကုန်ကူးခံခဲ့ရကြောင်း သိရပါတယ်။

လူကုန်ကူးမှုတွေဟာ အဓမ္မဖမ်းဆီးမှု၊ အွန်လိုင်းလိမ်လည်မှုလို ရာဇဝတ်လုပ်ငန်းတွေမှာ လုပ်အားပေးခိုင်းစေမှု၊ ညှင်းပန်းနှိပ်စက်မှု စတာတွေနဲ့ ဆက်စပ်နေပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာလည်း BGF/ DKBA တို့လို လက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြတယ်လို့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ကိုးကား –

https://www.facebook.com/KhaosodEnglish/photos/thai-armys-rajamanu-task-force-reports-that-bgf-forces-dkba-leaders-and-chinese-/1062207515951756/?_rdr

0 Shares:
You May Also Like
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

မဲဆောက်ဈေးတွင် မြန်မာဈေးသည် ရန်ပွဲများဖြစ်ပွားပြီးနောက် ဈေးတစ်ခုလုံး ဝင်ရောက်စစ်ဆေးခံရကာ အထောက်အထားမဲ့များ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မြန်မာဈေးသည်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တွေက မဲဆောက်ဈေးရှိ မြန်မာဈေးသည်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။