ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ရက်မှာ မောင်းမကျေးရွာအုပ်စု၊ ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံးတွေ လိုက်လံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမိုင်ကုန်းကျေးရွာနေ အသက် (၂၇)နှစ်အရွယ် ပြည်သူတစ်ယောက် မီးလောင်ဒဏ်ရာရခဲ့ပြီး အသက် (၅၇)နှစ် အရွယ် ပြည်သူတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့အတူ ဆေးရုံကို ပို့ဆောင်နေချိန်မှာ အသက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ကလေး (၁) ဦးအပါ (၃) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်မှ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှူများ ရှိခဲ့၊ ဒုတပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်များလည်း သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ရာ စစ်ကောင်စီ ဒုတပ်ကြပ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး စစ်လက်နက် ပစ္စည်းများစွာကိုလည်း ရရှိခဲ့ကြောင်း 9/A Nyar Myae Operation က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ဦး သေ၊ အရှင် ၁၂ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၅ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ယောက်နဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။