မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်က အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို အင်းရောင်းကျေးရွာအနီးမှာ စတင်မိုင်းဆွဲတိုက် ခိုက်ပြီး ဝက်ခေါင်းကျေးရွာအနီးမှာ ထပ်မံမိုင်းဆွဲကာ ကျောင်းကုန်းကျေးရွာအနီး ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ယောက်သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၁၄ ရက်က ကျောင်းကုန်းနဲ့ ကန်နီကျေးရွာကြားမှာ တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေကာ ၁၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကန်နီ‌ကျေးရွာအနီး ထပ်မံစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားဟာ တော်လှန်ရေးပူးပေါင်းတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ၂ ယောက် ထပ်မံသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Myaing Supporting Battalion – MSB ရဲ့ထောက်ပို့ခံတပ်ရင်း ခြောက်ရင်းဖြစ်တဲ့ ပခုက္ကူခရိုင်အမှတ် ၂၊၆၊၇၊၁၄၊၁၅၊၁၇တပ်ရင်းတွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖတပ်ရင်း၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေသခံပ.က.ဖ၊ ပ.အ.ဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ပြည်သူ့ရဲဘော် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံတောင်-တောင်ငူလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၆ယောက်သေ (ရုပ်/သံ)

သံတောင်-တောင်ငူလမ်းပိုင်း၊ တောပြာကြီးလမ်းခွမှာ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ယောက် သေဆုံးကာ ကားတစ်စီး တိမ်းမှောက်ပျက်စီးခဲ့တယ်လို့ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ Thawthikho က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။
Read More

ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ ၄ ထပ်ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၃၀၀ ကျော် ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခံရ (ရုပ်/သံ)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ ၄ ထပ်ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံး ၃၀၀ ကျော်ကို စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၃၀ ရက်က စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကွက်အမှတ် ၅၁၆ - က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ - ခ အတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့တာဖြစ်ပြီး ပြည်သူအများအပြား အိမ်မဲ့အိုးမဲ့ဖြစ်ခဲ့ရပါတယ်။
Read More

စလင်းမြို့နယ် စမ်းကလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စည်ဆွဲကျေးရွာအုပ်စု စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက် မနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပန်ဝါမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီး မြို့အတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်လာ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီး အောက်တိုဘာ ၁၈ ရက် ညပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ Sky Hunter ပရောဂျက်မှာ ပါဝင်ကူညီပေးဖို့ တောင်းဆို (ရုပ်/သံ)

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က  “လင်းယုန်အစာကောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ပရောဂျက်ကို စတင်လိုက်ပြီး ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။