မြန်မာစစ်တပ်ပိုင် Mytel  ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်းအသီးသီးက လည်ပတ်နေတဲ့ ချန်နယ်တွေကို ဖြုတ်ချပေးဖို့ Burma Campaign UK အမေရိကန်နည်းပညာ ကုမ္ပဏီတွေကို  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်က အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ Mytel ကို ထပ်မံပြီး အမေရိကန်နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ Google ၊ Apple ၊ Google ပိုင် YouTube နဲ့ Microsoft ပိုင် LinkedIn တို့ဟာ Mytel အက်ပလီကေးရှင်းတွေနဲ့ ချန်နယ်တွေကို ပိတ်သိမ်းပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်တာပါ။

စစ်တပ်ပိုင် Mytel ဟာ အဆိုပါ ချန်နယ်တွေမှာ ဆက်လက်ရှိနေပြီး စစ်တပ်အတွက် အထောက်အကူပြုနေဆဲဖြစ်တယ်လို့ Burma Campaign UK ဇန်နဝါရီလ ၁၄ ရက်မနေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။

Google Play မှာ တွေ့ရတဲ့ MyTel နဲ့ ဆက်စပ် Application များ

အမေရိကန် နည်းပညာကုမ္ပဏီတွေအနေနဲ့ Mytel ကို နည်းပညာ ထောက်ပံ့ပေးနေတာတွေ ရှိတယ်ဆိုရင် ရှိရင်းစွဲ လုပ်ငန်းသဘောတူ စာချုပ်တွေကို ပြန်လည် သုံးသပ်တာမျိုးနဲ့ နည်းပညာဝန်ဆောင်မှု ရောင်းချပေးနေတာတွေကို ချက်ချင်း ရပ်ဆိုင်းသွားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Mytel အတွက် ကြားကနေ တဆင့်ခံဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတွေကိုလည်း အလားတူ လုပ်ဆောင်သွားဖို့ ညွှန်ကြားသွားဖို့လိုအပ်ပြီး၊  Mytel နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ Viettel ကုမ္ပဏီကိုလည်း အလားတူ ထောက်ပံ့ပေးနေတာမျိုးတွေ ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ဖော်ပြထားပါတယ်။

Mytel ကိုမြန်မာပြည်မှာ လူသုံးများတဲ့ Facebook ကတော့ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ထဲမှာတင်  Facebook မှာဖော်ပြခွင့်ကို တရားဝင်ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။

Mytel အနေနဲ့ ဆက်လက်တည်ရှိနေခြင်းဟာ စစ်ကောင်စီရဲ့  လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်စေဖို့အပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက် ကျူးလွန်စေဖို့ တဖက်တလမ်းကနေ ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မှာ မြန်မာကိုယ်ဝန်အမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်စပ်ဂိတ်အနီးမှာ မြန်မာကိုယ်ဝန်အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးဖွားခဲ့တယ်လို့ Maesai Police Station မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နံနက်ပိုင်းက မယ်ဆိုင်ဂိတ်အနီး DIY စတိုးဆိုင်အနီးတစ်ဝိုက်မှာ အကူအညီ တောင်းခံမှုတွေရှိလာတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ မြန်မာအမျိုးသမီး တစ်ဦး ကလေး မွေးဖွားဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် အရေးပေါ်ယာဉ်ခေါ်ယူပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္ဘောဒီးယား၏ အပစ်ရပ်ချိုးဖောက်မှု အစီရင်ခံစာ မလေးရှား၊ တရုတ်နှင့် အမေရိကန်တို့ကို ထိုင်း တင်ပြ

ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။
Read More

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းပြောပြီးနောက် အပစ်ရပ်ဖို့ သဘောတူဟု ဆို၊ ဒီနေ့မနက်ပိုင်းအထိ နယ်စပ်တွင် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

NUG ဂျပန်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရေး ဆောင်ရွက်နေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။