ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစား နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ 

ထိုင်း လဝကရဲ့ ဖမ်းဆီးမှုခံရပြီး မြန်မာကို ပြန်ပို့ခံရချိန် အမိမြေပေါ်မှာ စစ်မှုထမ်းသားကောင် စောင့်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ထဲကို တည့်တည့်ကြီး ကျရောက်သွားခဲ့ပါတယ်။ 

အခုတော့ ကံကောင်းစွာနဲ့ပဲ အာဏာရူး စစ်ဘီလူးတွေရဲ့ လက်ကနေ လွတ်အောင်ထွက်ပြေးနိုင်ခဲ့ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ကာ သန့်ရှင်းတဲ့ဘဝကို ပြန်ရခဲ့ပါပြီ။

သူတို့ ၂ယောက် ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း မောင်းက မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်ဖြူဖြူသင်း နှင့် ဗျူဟာ ၂၆ တာဝန်ခံ ရဲဘော်ဘီဘီ တို့ရဲ့ ဆွေးနွေးပြောကြားချက် (ရုပ်/သံ)

ရိုးမခေါ်သံ ၂ ကမ်ပိန်းကို ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေထဲက ၅၀ % ကို ဗျူဟာ ၂၆ အတွက် ကျည်ဆန်ခဲယမ်းနဲ့ ကျည်ကာတွေ ဖြည့်တင်းသွားမှာဖြစ်ပြီး ကျန် ၅၀ % ကိုတော့ စစ်ဒေသခွဲ ၂ ဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။
Read More

သူငယ်ချင်းဖြစ်သူ ဘီယာသောက်ဖို့ ခေါ်ဆောင်ရာကနေ စစ်ကောင်စီတပ်ထံ ရောင်းစားခံခဲ့ရသည့်တပ်သား နေသူရမျိုး (ရုပ်/သံ)

စစ်ကောင်စီတပ်သား နေသူရမျိုးဟာ အာရက္ခတပ်တော် (AA)ထံ ဇူလိုင် ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၂၇၅) တပ်သား- အောင်ဌေး (ရုပ်/သံ)

''စိတ်ဆန္ဒမပါဘဲနဲ့ စုဆောင်းခံခဲ့ရပါတယ်။ ရွှေတောင်မြို့မှာရှိတဲ့ ဆန်စက်မှာ အလုပ်လုပ်တုန်းက ညအချိန်ပြန်လာတဲ့အချိန်မှာ သူတို့စစ်ကားနဲ့ရောက်လာပြီးတော့ သူတို့ကားပေါ် အတင်းဆွဲတင်ပြီး ခေါ်သွားခဲ့ပါတယ်။ သူတို့တပ်ထဲကို။ တပ်ထဲမှာ လူမဆန်တဲ့ ဖိနှိပ်မှုတွေခံခဲ့ရပါတယ်။ ဒါကြောင့် အလင်းဝင်လာတာပါ''
Read More

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်ရှိ CD ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား‌ ၁၄၅၀ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်အတွင်းရှိ CD ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၄၅၀ ခန့် ကြိုတင်ပြောကြားခြင်းမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ အေအေစီရဲမင်းက ၎င်းရဲ့ လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၅၁၁) တပ်သား- ဘိုမင်းဇေယျာထွန်း၏ ပြောကြားချက် (ရုပ်/သံ)

“ရမည်းသင်း ရွှေတောင်မှာ ရွှေလုပ်ရင်းနဲ့ မိန်းမဆီ ခွင့်ပြန်လာတဲ့အချိန်မှာ စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရတာ။ လူအကုန်လုံး ၂၀ ဆွဲခံရတယ်။ စစ်ကိုင်း တပ်မ ၃၃ ထဲကို ပို့တယ်။ တပ်ထဲမှာလည်း မနေချင်ဘူး။ တိုက်ရခိုက်ရတာလည်း ဝါသနာမပါဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ အေးအေးဆေးဆေး နေချင်တာကြောင့်မလို့ အလင်းဝင်လာတာ''
Read More

ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီး စစ်မှုထမ်းခိုင်းထားခြင်းခံရတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာသူရဲ့ ပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်ကတော့ PDF က ပြည်သူထဲက ပြည်သူပဲ။ သင်တန်းပြီးရင် PDF နဲ့ ပြန်တိုက်ခိုင်းမှာ။ မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ပြေးလို့ မလွတ်လာလို့ ပါသွားခဲ့ရင်တောင်မှာ ရှေ့တန်းရောက်ရင် အလံဖြူပြမှာပဲ။ အလံဖြူပြမယ့်သူတွေလည်း တပုံကြီး။ အကုန်လုံးက ပေါ်တာဆွဲခံရတဲ့ သူချည်းပဲ"