ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်အချိန် ဖြစ်ပွားခဲ့တဲ့ နွံကန်ပြိုကျမှုမှာ သေဆုံးပျောက်ဆုံးမှုတွေ များပြားခဲ့ပြီး နောက်ဆုံးကယ်ဆယ်ရေးတွေက ရှာဖွေချိန်မှာတော့ ကျား၊ မ၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ၃၂ ဦးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ မှော်မင်းသား)

လက်ရှိမှာတော့ နွံကန်ပြိုကျမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ၃ ရက်တာ ပြုလုပ်ခဲ့ပြီး ရှာဖွေရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီလို့လည်း သိရပါတယ်။

ဆိုင်းတောင်(ဆိပ်မူအုပ်စု) ဒေသမှာ နွံကန်ပြိုကျမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အဓိကလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုကျမှုအတွင်း နေအိမ် ၅၇လုံး နစ်မြုပ်ပျက်စီးသွားပြီး ပျောက်ဆုံးနေသူတွေကိုလည်း အဲဒီနေ့က စတင်ကာ စက်ယန္တရားများသုံးပြီး ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။ 

(ဓာတ်ပုံ မှော်မင်းသား)

ဇန်နဝါရီလ ၁၃ရက်ကနေ ဇန်နဝါရီလ ၁၅ ရက် ညနေအထိ သုံးရက်တာ ရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၆ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ယောက် အပါအဝင် အမျိုးသမီး ၁၆ယောက်၊ အမျိုးသား ၁၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ မှော်မင်းသား)
0 Shares:
You May Also Like
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးပါ သိမ်းဆည်းရမိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်သား ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 
Read More

တနင်္သာရီမှာ ကာလရှည်စစ်ပွဲအတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ဖို့ BLACK Cobra Column ထုတ်ပြန်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း KNLA တပ်ရင်း (၁၁) နယ်မြေကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် စစ်ပွဲကာလ ကြာရှည်နိုင်တယ်လို့ BLACK Cobra Column က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။