ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ရန်ကုန်-မော်လမြိုင်လမ်းမကြီးအတိုင်း ကျိုက်ထိုကနေ ဘီးလင်းဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီကား (၄) စီးကို တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာမှာအသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲကာ ၄၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ငယ်တွေနဲ့ပါ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ရှေ့က ရိက္ခာကား (၃) စီး အရင်ဖြတ်တာ ကျနော်တို့ လွှတ်ပေးလိုက်တယ်။ နောက်ထပ် (၆) စီး ထပ်ဖြတ်တဲ့အချိန် ရှေ့ (၂) စီးကလည်း ရိက္ခာကားမို့ လွှတ်ပေးတယ်။ အင်အားအပြည့်ပါတဲ့ အလယ် (၂) စီးရယ် (၅) ယောက် လောက်ပါတဲ့ နောက်(၂) စီးကိုပဲ တိုက်ခိုက်ခဲ့တာပါ။ (၃) စီး မြောက်ကားကို လက်နက်ငယ်တွေနဲ့ အရင်ပစ်တယ်။ အဲ့မှာ မောင်းနေတဲ့ ဒရိုက်ဘာကိုထိတော့ လမ်းဘေးက အထပ်သားစက်ရုံတန်းလျားတစ်ခုကို ဝင်တိုက်ပြီး ကားရပ်သွားတယ်။နောက်က (၂)စီးကိုကျ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းရဲ့မီးခိုးကြောင့် ရှေ့ကားကိုမမြင်ဘဲ တိုက်မိတာတွေ ရှိတယ်။ အဲ့(၃)စီးက ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပေမယ့် နောက်ဆုံး၁စီးကျ ကျနော်တို့ ကျည်ညပ်တာရယ် ဘာရယ်နဲ့ သိပ်မပစ်လိုက်ရဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ PDF တပ်ရင်း ၇၈၀၅ ၊ တပ်ခွဲ၄ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းမှ)

တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေကို လူနာတင်ကားတွေနဲ့အတူ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေဘက်ဆီ လူနာတင်ကားတွေနဲ့ တင် ဆောင်သွားသလို ပျက်စီးသွားတဲ့ကားတွေကိုလည်း ဆွဲထုတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျိုက်ထို- ဘီးလင်းလမ်းပေါ်မှာ ယာယီလမ်းပိတ် စစ်ဆေးမှုတွေလုပ်ပြီး လူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာမျိုးရှိတယ်လို့လည်း တပ်ခွဲမှူးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို KNU တပ်မဟာ ၁ သထုံခရိုင်နဲ့ PDF တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

KNDF အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်အား အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်း

ကျဆုံးရဲဘော် ခူးဟားရယ်ဟာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရင်း အောက်တိုဘာလ ၁၆ ရက်က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက ငလျင်ကြောင့် ဟန်ပြအပစ်ရပ်ခြင်းသာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ်ကြောင့် ပြည်သူ ၆၀ ကျော် သေ ဆုံးစေခဲ့

စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ် ပြုလုပ်ကာ ပြည်သူ ၆၄ ယောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။