ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကို ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို တိုက်ခိုက်ခဲ့ရာ အထိအခိုက်များခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ ထံက သိရပါ တယ်။

အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးထဲမှာ နောက်ဆုံး ၄ စီးမြောက်ကို မိုင်းဆွဲပြီး ၄၀ မမ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၁ စီး ပျက်စီးပြီး စစ်သား ၆ ယောက်ထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံသို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ သို့ သွယ် တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် ဒေါက်တာဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

"Silent Strike အပြင်မထွက် အသံတိတ်သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုတိုက်တွန်းထားပါတယ်။
Read More

မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။