မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

မြေပြင်မှာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေတဲ့ ပ သုံးလုံးယန္တရား အဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဆောင်ဖို့ ယာယီသမ္မတက ၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ 

“ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။

တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်တဲ့အကြောင်း ၊ လူထုဟာ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်လို့ အထူးပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ မှာကြားလိုက်တာပါ။

၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေး (ဓာတ်ပုံ NUG)
၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေး (ဓာတ်ပုံ NUG)

ပ သုံးလုံး (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) တို့နဲ့ပတ်သက်ပြီး လက်ရှိ လူထုအကြားမှာ ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။

ပသုံးလုံးနဲ့ ပတ်သက်လို့ လက်ရှိ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတဲ့ အမှုပေါင်း ၈၀ခန့်ရှိပြီး အဲဒီထဲက ၁၄ရာခိုင်နှုန်း (အမှု ၁၁ခု)ကိုသာ အရေးယူထားကာ ကျန်တဲ့အမှု ၇၀ နီးပါးဟာ စစ်ဆေးနေဆဲဖြစ်တယ်လို့  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း ပအဖနဲ့ ပလဖတို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီး ပကဖကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေတယ်လို့လည်း သိရပါတယ်။

ပသုံးလုံးအဖွဲ့တွေဟာ မြေပြင်မှာ အခွန်ဘဏ္ဍာကောက်ခံခြင်း ကိစ္စရပ်တွေအပါအဝင် အာဏာကိုကျော်လွန်အသုံးပြုတဲ့  ဖြစ်စဉ်မျိုးတွေရှိနေကြောင်း ဒေသခံတချို့က ဝေဖန်တာ NUG ထံတိုင်ကြားထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပသုံးလုံးယန္တရားလို့ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) တို့ကြားက အချင်းချင်း ပွတ်တိုက်မှုတွေ၊ ပသုံးလုံးယန္တရား နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကြား အငြင်းပွါးမှုတွေ၊ ဒေသတွင်းကာကွယ်ရေးအဖွဲ့ LPDF တွေကြား အမြင်လွဲမှားမှုတွေလည်း မြေပြင်မှာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

“အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း ရှိပါတယ်”လို့ NUG ရဲ့ ၂/ ၂၀၂၅ အစည်းအဝေးမှာ  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်အုပ်စု စစ်ကြောင်း၂ ခု ခွဲထိုးပြီး မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ် မြှုပ်နှံထားခဲ့သည့် အလောင်း ၃ လောင်း တူးဖော်တွေ့ရှိ…

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်မှာ အိမ်ဆောက်ပိုင်ခွင့်မရှိသည့် လယ်ယာမြေဆိုပြီး စစ်ကောင်စီက အိမ်များကို ဖျက်ဆီးကာ အကွက်ရိုက် ပြန်ရောင်းစား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ဆောက်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဟုဆိုကာ ပြည်သူပိုင်အိမ်တွေကို အတင်းအဓမ္မဖျက်ဆီးခဲ့ပြီးနောက် အဲဒီမြေကိုပဲ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်း ခေါင်းစဉ်နဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြန်လည်ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။