တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးသို့ ခေါ်ဆောင်လာစဉ် (Photo: AFP)

တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနဲ့ ပတ်သက်ပြီး ယွန်းဆွတ်ယိုးကို နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စွပ်စွဲပြစ်တင်ခံရသူ သမ္မတ ယွန်းဆွတ်ယိုးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ကျော်က သမ္မတ နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သမ္မတ လုံခြုံရေးတပ်ဖွဲ့ငယ်နဲ့ သွေးထွက်သံယိုမဖြစ်အောင် ယွန်းဆွတ်ယိုးက အဖမ်းဆီးခံခဲ့တယ်လို့ သမ္မတက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် အိမ်တွင်းအောင်းနေတဲ့ သမ္မတယွန်းဆွတ်ယိုး နေထိုင်ရာ တောင်စောင်းစံအိမ် ဂိတ်တံခါးကနေက လုံခြုံရေး အပြည့်နဲ့ သမ္မတကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သမ္မတ Yoon Suk Yeol ကို ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်တွင် ဆိုးလ်ရှိ သူ့နေအိမ်မှ မော်တော်ယာဉ်တန်းဖြင့် ခေါ်ဆောင်သွားခဲ့စဉ် (Photo Jun Michael Park for The New York)

တောင်ကိုရီးယားသမ္မတကို စုံစမ်းစစ်ဆေးဖို့ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက တရားရုံးဆီကနေ ဖမ်း၀ရမ်းတောင်းခံ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

Mytel ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်း အသီးသီးမှာ လည်ပတ်နေတာတွေကို ဖြုတ်ချပေးဖို့ Burma Campaign UK က တောင်းဆို

မြန်မာစစ်တပ်ပိုင် Mytel  ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်းအသီးသီးက လည်ပတ်နေတဲ့ ချန်နယ်တွေကို ဖြုတ်ချပေးဖို့ Burma Campaign UK အမေရိကန်နည်းပညာ ကုမ္ပဏီတွေကို  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

NUG ဂျပန်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရေး ဆောင်ရွက်နေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။