မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် မနက်အစောပိုင်းက တောင်သာမြို့နယ်၊ သံမဏိစက်ရုံက ထွက်လာတဲ့ အင်အား ၅၀ ကျော်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ် ခြုံကြီးကျေးရွာကို အရိပ်မဲ့စစ်ကြောင်းထိုးလာခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာ နေမကောင်းလို့ အနားယူနေတဲ့ မြင်းခြံခရိုင် တပ်ရင်း (၃) လက်အောက်ခံ ရဲဘော်တစ်ယောက်ကို ဖမ်းဆီးသွားတာကြောင့် စုဖွဲ့လိုက်လံတိုက်ခိုက်ရာ လူကွဲပြီး မျက်စိလည်နေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားနဲ့အတူ G3 ၁လက်၊ ကျည် ၂၅၀၊ ကျည်ဘောက် ၄ ခု၊ 60mm အဖူး ၁ဖူးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း မြင်းခြံခရိုင် တပ်ရင်း ၃ က ဆိုပါတယ်။

အဲဲ့ဒီနေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က လူလိုက်ပါနိုင်တဲ့ စက်တပ်ယာဥ် ၃ စီးနဲ့ ရုံးစဉ်လေးရွာကို ဗုံးသီး ၈ လုံး ပစ်ချခဲ့ရာ စာသင်ကျောင်း အုတ်တံတိုင်းကျိုးပဲ့ပြီး နွားတစ်ကောင် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် MDY-PDF က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေမြို့နယ်ပကဖ မှ တိုက်နယ်ပကဖများကို MA 1 သေနတ် ၂ လက်နဲ့အတူ ယူနီဖောင်း၊ စစ်အသုံးအဆောင်များ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်နယ် (၆)ပကဖ တိုက်ခိုက်ရေးရဲဘော် (၂၂) ယောက်ကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဘက်တံဆိပ်တို့နဲ့အတူ MA 1 သေနတ် (၂)လက်တို့ကို အောက်တိုဘာလ (၁၂)ရက် မနေ့က တပ်ဆင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးက ကျေးရွာ ၂ ရွာကို အကြမ်းဖင်စစ်ကြောင်းက မီးဝင်ရှို့ရင်း အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။