မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်မှာ MNDAA (ထောက်/ပို့) ဌာနရဲ့ ကျန်းမာရေးဦးစီးဌာနက ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းကာလဟာ ၃ လကျော်ကြာမြင့်ခဲ့ပြီး အထူးဒေသ (၁) ရဲ့ ခရိုင်အသီးသီးနဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ရုံး၊ တပ်မဟာအသီးသီးက သင်တန်းသား စုစုပေါင်း ၁၇၂ ယောက် သင်တန်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။