ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်က တောင်ကလေးဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်ကိစ္စ အငြင်းပွါးရာကနေ စစ်ကောက်စီလက်အောက်ခံ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦးက အဆိုပါ ဒုတိုင်းမှူးကို လက်သီးနဲ့ ထိုးခဲ့တာလို့ သိရပါတယ်။

ဒုတိုင်းမှူးက သူ့အခြေစိုက် မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မနေဘဲ ဘားအံကို ပြောင်းရွှေ့နေထိုင်ကာ ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး စီးပွါးရေးလုပ်စားနေတာကြောင့် လုပ်ပိုင်ခွင့် အငြင်းပွါးခဲ့ကြတာလို့လည်း ဆိုကြပါတယ်။

“အခု ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင် ပြောင်းရွှေ့ခံလိုက်ရပြီ။ သူအစား ရတခ စစ်တိုင်းဌာနချုပ်က ဒုတိုင်းမှူးအသစ် ပြောင်းရွှေ့ပေးလိုက်ပြီ၊ နာမည်တော့မသိရသေးဘူး။ ကရင်ပြည်နယ်က ဝန်ကြီးချုပ်ပါ စားကွက်မရှိအောင် လုပ်ငန်းရှင်တွေနဲ့ပေါင်းစားနေရုံမကပဲ ဂိတ်ကြေးတွေပါ ဖွင့်ခိုင်းပြီးလုပ်စားခဲ့တာ” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေက အုပ်ချုပ်ရေးပိုင်းမှာ ပိုမိုချဲ့ထွင် ပါဝင်လာပြီး ရသမျှ လုပ်ပိုင်ခွင့်တွေအားလုံးကို မောင်ပိုင်စီးဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ GD-2 ဒရုန်းတပ်ဖွဲ့ တပ်သားသစ်များ လက်ခံနေ

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army - MLA) ရဲ့ Galon Drone Team - 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု-SFT ၏ စစ်သင်တန်းတက်ရောက်မှုနှင့် သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများ

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု - SFT အနေနဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂) ခု ပေးထားခဲ့ရာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ သင်တန်း(၃)လတာ ကာလအတွင်း အခြေခံစစ်ပညာတွေ လေ့လာဆည်းပူးခဲ့တဲ့ သင်တန်းကာလ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ် သက်သေ တစုံတရာ ပြသမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည်ဟု စာထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။