ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၁၄ရက်၊ မနေ့က ညနေပိုင်းမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက  အဝေးထိန်းမိုင်း ၂လုံးနဲ့ ထောက်ကြံ့ရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဘေးကင်းရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မိုင်း၂လုံးခွဲတာ၊ ရခ ၂ကောင်လောက် ထိခိုက်မှုရှိနိုင်ပါတယ်။ မြေပြင် အတည်ပြုစုံစမ်းနေဆဲပါ။” လို့ Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို Operation Flameက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့အတူလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းမှာ မြို့ပြတော်လှန်ရေးအင်အားစုတွေရဲ့လှုပ်ရှားမှု ၂၃၃ခု ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့  စစ်တပ်ထောက်တိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်တာ ၁၆၁ ကြိမ်၊ လက်ပစ်ဗုံးနဲ့ ၂၈ ကြိမ်၊ သေနတ်အတို (ပစ္စတို) နဲ့ ၂၂ ကြိမ်၊ ၄၀ မမ ၇ ကြိမ်၊ ၁၀၇ မမ ၇ ကြိမ်၊ အဝေးပစ်ဒုံးကျည် ၄ ကြိမ်၊ ပြင်းထန်မိုင်း ၂ ကြိမ်၊ ဒရုန်း ၁ ကြိမ်၊ ဗုံး+သေနတ်နဲ့ ၁ ကြိမ် စသဖြင့် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏အကြမ်းဖက်မှုများ ရပ်တန့်စေရန်အတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာကို ကေအဲန်ယူ‌တိုက် တွန်းတောင်းဆို

“ကေအဲန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ယင်းရာဇဝတ်မှုများအတွက် တာဝန်ခံမှုယူစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းအပ်ပါသည်”လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူက ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း (၁) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုထံ ဝင်ရောက်သွားသည်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။