တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။

ပုလော ပကဖဒရုန်းတပ်ဖွဲ့က မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ် ဒရုန်းအဖွဲ့၊ လှုပ်ရှားရှေ့တန်းစခန်းတွေဖြစ်တဲ့ စက်တော်ရာရွာ၊ ကြဲတံတားဂိတ်အပါအဝင် တပိုကျေးရွာ၊ ဆယ်အိမ်စုကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ခြေမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၃ ဦးကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို စစ်ကူလာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းဆီ စစ်ကူပေးဖို့လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်- ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား ထက်မြဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာ‌ကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့ စိုးမိုးမှုအောက် မနေချင်လို့။ သူတို့လှမ်းမယ့် လမ်း ကြောင်းတစ်ခုအတွက် ကျနော်တို့ကို လမ်းခင်းပြီးသွားတဲ့  ပုံစံမျိုး။ ပေါ်တာဆွဲတယ် ညှင်းပန်း နှိပ်စက်ခံရတယ်ဆိုလည်း ပြည်သူလူထုပဲ။ သူဘာသူအပြင်မှာနေနေတဲ့ မိသားစုဘဝလေးတွေလည်း ပျက်စီးခဲ့ရတယ်'' 
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစာရေး ၁ ဦးဖမ်းဆီးမိ (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ စစ်ကော်မရှင်ရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်မင်းသူကို အရှင်ဖမ်းမိခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်းမှ ယနေ့သတင်း ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၈ ရက်နေ့က နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကို အရှင်ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ စာရင်းတချို့ကို အမှတ် ၉၀၃ တပ်ရင်းတာဝန်ရှိသူမှာ အကြီးတန်းစာရေး မောင်မင်းသူကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
Read More

အင်အားပြင်းငလျင်ကြောင့် သမိုင်းဝင်ရွှေစာရံဘုရားထီးတော် မြေခ (ရုပ်/သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ပုဂံခေတ် မိဖုရားစောမွန်လှ တည်းထားခဲ့တဲ့ သမိုင်းဝင်ရွှေစာရံဘုရားဟာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘုရားထီး‌တော်မြေခခဲ့ရတယ်လို့ သိရပါတယ်။