မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အထက ၁ ကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အထကကျောင်းကို တော်လှန်ရေးရဲဘော်တွေ စီးနင်းသိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဘောက်သေခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ထွက်ပြေးသွားမြောက်သွားတယ်လို့ သိရပါတဘ်။

စစ်ကောင်စီတပ်သားတွေထံက MA 3 သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ပြီး ကျောင်းအတွင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ အလံကို လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တောင်သာမြို့တော်ခန်းမရှေ့နဲ့ အင်းဝဘဏ်ရှေ့ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေ၊ ပျူစောထီးခေါင်းဆောင်ရဲ့ ဆိုင်ကယ်ပြင်ဆိုင်နဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ စွပ်ကျယ်စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်တပ်က ပစ်ကူပေးခဲ့တဲ့အတွက် မြို့နေ လူထုထိခိုက်နစ်နာမှာ စိုးရိမ်တာကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းသာကြီးဘုရားနဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပဲခူးရိုးမ Pdf – ဗျူဟာ ၂၂ ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပ (ရုပ်/သံ)

ပဲခူးရိုးမ Pdf - ဗျူဟာ ၂၂ ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဇန်နဝါရီ ၄ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ရန် သရုပ်ဆောင် ခါရာ တိုက်တွန်းတောင်းဆို (ရုပ်/သံ)

တရုတ် (ဘေဂျင်း) အစိုးရအနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး၊ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေ၊ စစ်ကောင်စီကို အားပေးထောက်ခံနေတာတွေကို ရပ်တန့်ဖို့ သရုပ်ဆောင် ခါရာက တရုတ်ဘာသာစကားနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ဧပြီလ ၂၈ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။