ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံတခု ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မှာ စစ်တပ်ယာဥ်တန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ အရာရှိ၁ယောက်အပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး၊ အရာရှိအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရလို့ ၄ ယောက် သေပြီး ၆ ယောက် အပြင်းအထန် ထိခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်​အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်ထဲ တိုက်ပွဲ ၁၀ ရက်ကျော်လာပြီဟု ဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ကျေးရွာတွေမှာ မဲလက်မှတ်သွားရောင်းရာကနေ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာနေပြီလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ထံက သိရပါတယ်။