ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံတခု ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျုဟာအမှတ်(၁၇)ရှိ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထုတ်ပြန်သည့် နဂါးနန်းတော် ရွှေဆိုင်ဓားပြမှု တရားခံ ၂ ယောက်သည် ကျေးရွာ PDF တပ်ဖွဲ့ဝင်များနှင့် မသက်ဆိုင် ဟု သိရ

မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။