မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်မြောက်ဘက် ကန်နီပျူစောထီးရွာဆီ ရိက္ခာပို့ဖို့ကြိုးစားတဲ့ စစ်အုပ်စု ကားတန်းကို မြိုင်နဲ့ပခုက္ကူခရိုင်တပ်ရင်းတွေက ဇန်နဝါရီ ၁၃ရက်နဲ့ ၁၄ရက်နေ့တွေမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတွေ များခဲ့တယ်လို့ Myaing Supporting Battalion တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၁၃ရက်နေ့မှာ အင်းရောင်း​​​ကျေးရွာအနီး ရောက်လာတဲ့ စစ်အုပ်စုကားတန်းကို စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဝက်ခေါင်းကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာတွေနားမှာလည်း ကြားဖြတ်တိုက်ခိုက်မှုတွေ ၂ကြိမ်တိတိလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ တစ်နေ့တာထိတွေ့မှုအတွင်း စစ်​​ကောင်စီဘက်က ၅ယောက် သေကာ ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ရက်နေ့မှာလည်း ကျောင်းကုန်းနဲ့ ကန်နီကျေးရွာကြား တိုက်ပွဲ၂ကြိမ် ထပ်မံဖြစ်ပွားပြီး ​စစ်အုပ်စုဘက်က ၃ ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ ၁၇ယောက်ရှိခဲ့တယ်လို့ Myaing Supporting Battalion တာဝန်ရှိသူက ပြောတယ်။

ဒါ့အပြင် ကန်နီကျေးရွာအနီးအနားမှာ တော်လှန်ရေးတပ်တွေ ထောင်ထားခဲ့တဲ့ မိုင်းကိုနင်းမိလို့ စစ်ကောင််စီဘက်က ၂ယောက် ထပ်မံသေဆုံးခဲ့ကြောင်း သိရပါတယ်။

“တိုက်ပွဲက ၂ရက်ဆက်ဖြစ်တာပါ။ မြိုင်ကနေ ကန်နီကိုလာတဲ့အချိန် ချောင်းပဲခြားတဲ့ အင်းရောင်းရွာကို ရောက်တဲ့အချိန် ကျနော်တို့စပြီး မိုင်းဆွဲခဲ့ပါတယ်။နင်းမိုင်းတွေ ဆွဲမိုင်းတွေပေါ့။ အဲ့မှာ အထိနာတော့ အနီးအနားက အင်ရောင်းရွာကို မီးဝင်ရှို့တာ စုစုပေါင်းအိမ် ၁၈လုံး လောက် မီးလောင်သွားပါတယ်။ ပြီးမှဆက်သွားတာပေါ့။ အဲ့မှာ ဝက်ခေါင်းတို့ ကျောင်းကုန်းတို့မှာ ထိတွေ့မှုဖြစ်တယ်။ ကျောင်းကုန်းမှာသူတို့ညအိပ်တယ်။” လို့ Myaing Supporting Battalion တာဝန်ရှိသူက မောင်းကိုပြောတယ်။

သူကပဲဆက်လက်ပြီး “နောက်တစ်နေ့မှာလည်း ထိတွေ့တိုက်ပွဲ ၂ကြိမ်ထပ်ဖြစ်ပါတယ်။ တိုက်ပွဲကပထမနေ့ထက်ကတော့ ပိုကြာတယ်ပြောရမယ်။ ကျနော်တို့လည်း တိုက်ပွဲထဲ ကျည်ဖြည့်ဖို့လိုတော့ ရပ်ရတယ်။ အဲ့အခါ သူတို့ဘက်က ရှေ့ဆက်တိုးလာတော့ နောက်တစ်နေရာမှာ တိုက်ပွဲထပ်ဖြစ်တာပါ။ ကန်နီနဲ့ ကျောင်းကုန်းရွာကြားမှာ မိုင်းထိသွားတဲ့ကားတွေကိုလည်း သူတို့ပြန်ဆွဲသွားပါတယ်။ ကန်နီရွာအဝင်နားမှာ အီနာဂါဗုံးသီးချတဲ့​ စစ်အုပ်စု ၂ယောက်လည်း မျက်မြင်မိုင်းထိသေပါတယ်။” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒီ၂ရက်တာတိုက်ခိုက်မှုတွေကို Myaing Supporting Battalion – MSB ရဲ့ထောက်ပို့ခံတပ်ရင်း၆ရင်းဖြစ်တဲ့ ပခုက္ကူခရိုင်အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇တပ်ရင်းတွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖ တပ်ရင်း၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံ ပ.က.ဖ၊ ပ.အ.ဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုတွေက ကန်နီပျူစောထီးရွာထဲ တပ်စွဲထားပြီး စစ်ကြောင်းထွက်ဖို့ပြင်နေတယ်လို့ သိရပါတယ်။

ကန်နီပျူရွာဟာ မြိုင်မြို့နယ်အတွင်း စစ်အုပ်စုအားကောင်းရာ ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ရိက္ခာပြတ်လတ်မှုတွေရှိခဲ့သလို ရွာပျူစောထီးခေါင်းဆောင်ကျော်ဆန်းဝင်းက ရွာအတွင်း ပိုက်ဆံငွေကြေးအစားထိုး မိတ္ထူပိုက်ဆံကိုအသုံးပြုခိုင်းတာ၊ ရိက္ခာဖြတ်တောက်တာတွေလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

မြိုင်နဲ့ ပခုက္ကူခရိုင် တော်လှန်ရေးတပ်များ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Myaing Supporting Battalion)

0 Shares:
You May Also Like
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့လာရင်း သောက်စားနေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပြည်သူ့စစ်သင်တန်းဆင်း ၂ ဦး နေရာတင် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။