ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံတခု ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူများကို အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ တစ်နပ်စာ ထမင်းအာဟာရဒါနပြုခဲ့…

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး နှစ်ဆန်းတရက်နေ့က မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် တစ်နပ်စာထမင်းအာဟာရအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

ရွေးကောက်ပွဲဥပဒေသစ်ကြောင့် ပြည်သူ (၃၀၀) နီးပါး ဖမ်းဆီးခံထားရပြီး ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခံနေရ

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ပြည်သူ့ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မပြဌာန်းခဲ့တဲ့ "ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်သည့် ဥပဒေ" ဆိုတဲ့ မတရားဥပဒေကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်ကာ ဒီကနေ့အထိ ပြည်သူအမြောက်အမြား ဖမ်းဆီးအရေးယူခံထားရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) ကဆိုလိုက်ပါတယ်။
Read More

ကရင်နီတွင် ထောင်ဖောက်ထွက်ပြေးမှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း IEC တောင်းပန်

ကရင်နီပြည်နယ်၊ မယ်စဲ့ထောင်မှ ထောက်ဖောက်ထွက်ပြေးမှုဖြစ်စဥ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့မှုအပေါ် တောင်းပန်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထုတ်ပြန်ထားပါတယ်။