ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ လေ့ကျင့်မောင်းနှင်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန်တပ်ရင်းတွေမှာ အင်အားနည်းနေတာကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေက အင်အားတချို့ ပြောင်းရွှေ့ဝင်ရောက်လာကာ လုံခြုံရေး တင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။

ကျုံပျော်မြို့မှာ စက်တပ်လေထီး လေ့ကျင့်ပျံသန်းနေပုံ

“နယ်ကပြောင်းရွှေ့လာတဲ့ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး ပျံသန်းတာတွေ လေ့ကျင့်နေတာပါ။ ဇန်နဝါရီလ ၁၄ရက်နေ့ ညနေပိုင်းက လေ့ကျင့်နေစဥ်မှာ စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီက အခုနောက်ပိုင်း စက်တပ်လေထီး အသုံးပြုမှုတွေ ပိုမိုခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဒီရက်ပိုင်းမှာပဲ ရခိုင်ရိုးမနဲ့ ကပ်လျက်ရှိတဲ့ ပဲခူးတိုင်းအနောက်ခြမ်းက ပန်းတောင်းမြို့နယ်မှာလည်း စက်တပ်လေထီး လေ့ကျင့်ပျံသန်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၅ရက်နေ့ကလည်း မန္တလေးတိုင်း တောင်သာမြို့နယ်က ရွှေစည်ကြီးရွာကို စက်တပ်လေထီး ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေ ဖြန့်ဝေခဲ့…

ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေ ဖြန့်‌ဝေတဲ့ လှုပ်ရှားမှုကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ရှမ်းပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၅၁) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်..

ရှမ်းပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၅၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၂) ယောက်နဲ့ အမျိုးသား (၂၉) ယောက် စုစုပေါင်းအရပ်သား (၅၁) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ၊ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသလို အရပ်သား သေဆုံးမှုများလည်းရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ  ၂ရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

မကွေးတိုင်း မြို့သစ်တွင် အိုးဝေမရပ်ပေးမှုကြောင့်  အမျိုးသား ၄ ဦးကို စစ်အုပ်စု ပစ်သတ်ပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွား

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ အိုးဝေမရပ်ပေးမှုကြောင့် အကြမ်းဖက်စစ်တပ်က အမျိုးသား ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး ပါလာတဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားခဲ့ကြောင်းမြို့သစ်မြို့နယ် ပကဖ တာဝန်ရှိသူထံကသိရပါတယ်။