တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က ဇန်နဝါရီ ၁၃ရက် ညနေပိုင်းလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ကျောက်မဲမြို့ တိုးဂိတ်နဲ့ နတ်ရေကန်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိနိုင်ကြောင်း ကြားသိရပေမယ့် TNLA ကတော့ ကျောက်မဲမြို့ ဗုံးကြဲခံရမှု အခြေအနေကို ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

TNLA ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ပြောကြားပြီးတဲ့နောက် အခုလို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံ စတင်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်၏အကြမ်းဖက်မှုများ ရပ်တန့်စေရန်အတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာကို ကေအဲန်ယူ‌တိုက် တွန်းတောင်းဆို

“ကေအဲန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ယင်းရာဇဝတ်မှုများအတွက် တာဝန်ခံမှုယူစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းအပ်ပါသည်”လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူက ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထီးခီးဗျူဟာစခန်းကို KNLA၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။