စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးပြီး မုံရွာ နမခကနေ စစ်ကူအင်အားတွေ ထပ်ရောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးမှုကိုတော့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Monywa Eagle PDF၊ မုံရွာ ပလဖ တိုက်နယ် ၂ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကျည်အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် တော်လှန်ပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ခမရ ၅၄၀ တပ်ရင်းမှူး ဇနီးဖြစ်သူ ဒေါ်မေသူဝင်းမှာ AA အား ကျေးဇူးတင်စကားပြောကြား (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၈၄ ယောက်ကို အာရက္ခတပ်တော် (AA)က အခမ်းအနားနဲ့တကွ ပြန်လွှတ်ပေးခဲ့ပြီး လမ်းစရိတ် ၃ သိန်းစီး ထောက်ပံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းတွေတည်‌ဆောက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြဖို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက တိုက်တွန်းလိုက်ပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်အမှတ် (၃) တပ်ရင်း တပ်ရင်းမှူးမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနဲ့ မြေပြင်တပ်မှူးငယ်သင် တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (ရုပ်/သံ)

''ခင်ဗျားတို့ ကိုယ်တိုင်လည်း မြေပြင်မှာ တိုက်ပွဲတွေ ကြုံခဲ့ပြီးပြီ။ အမိန့်နာခံမှုရှိကို ရှိရမယ်။ ကျွန် တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့ တူအောင် တိုက်ရလိမ့်မယ်။ ကျွန်တော်တို့ ရည် ရွယ်ထားတဲ့ ပန်းတိုင်ထိ မရောက်ရောက်အောင် သွားရလိမ့်မယ်''