ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရဲစခန်းတစ်ခုကို ရဲတပ်သား ၅ယောက်စီ စုပေးကာ ပုသိမ်မှာရှိတဲ့ တိုင်းရုံးကို အရင်ပို့ပေးရတယ်လို့ ပြောပါတယ်။

“ရဲထုတ်နုတ်အင်အားလို့ ခေါ်တာပေါ့။ စခန်းခွဲတစ်ခုကို ၅ယောက်စီ ခေါ်စုပြီးတော့ မြို့မစခန်းကနေတဆင့် ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့ရုံးကို ပို့ပေးရတာပါ။ မအူပင်မြို့မစခန်းကတော့ ဇန်နဝါရီလ ၁၄ရက်နေ့ ဒီနေ့မနက်က ပို့ပေးလိုက်ရတယ်” လို့ မအူပင်မြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“မအူပင်မြို့မရဲစခန်းကနေ စခန်းခွဲ ၇ခုက စခန်းတစ်ခုကို ရဲတပ်ဖွဲ့ဝင် ၅ယောက်နှုန်းနဲ့ ထုတ်နုတ်အင်အားတွေ ပို့ပေးလိုက်တာ။ လေးအိမ်စု၊ မလက်တို၊ လယ်ကိုင်း၊ တာတပေါ၊ လက်ပန်ကုန်း၊ရေလဲ၊ ရွှေတောင်ပေါ်စခန်းတွေကနေ ထုတ်နုတ်အင်အားနဲ့ ပို့ပေးလိုက်တာ” လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် နေရာအများအပြားကို ရခိုင့်တပ်တော် AA ထံ လက်လွှတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲကို AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ကာ ခံစစ်ပြင်ဆင်မှုတွေ အသည်းအသန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

MOD ၏ နှုတ်မိန့်လို့ အကြောင်းပြကာ ဆေးတာဝန်ခံ အမျိုးသမီးရဲဘော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် Shield အဖွဲ့မှ MOD ထံ တိုင်ကြားစာပေးပို့ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကို Shield Women Organization အဖွဲ့ကနေ ဆေးတာဝန်ခံရဲမေ ရိုက်နှက်နှိပ်စက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။  
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးသတင်းများ စုံစမ်း​​နေသည့် ပျူခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီအတွက် တော်လှန်ရေးသတင်းတွေစုဆောင်းပေးနေတဲ့ ပေါင်းတည်စုရွာ၊ ရာအိမ်မှူး ပျူခေါင်းဆောင် ဖိုးဖြူကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။