တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့၊ မနက် ၇ နာရီအချိန်မှာ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကနေ စမ်းလှမ်းရွာကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို Guerrilla Dawei (ထားဝယ်မြို့ပြပျောက်ကျားတပ်ဖွဲ့) ထားဝယ် ပ.လ.ဖ က အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ဒီလမ်းတွေက သူတို့ အမြဲထွက်လာနေကျပါပဲ… အင်အားကတော့ ၈ ဦးခန့်ပါ” လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုဟာ မိနစ် ၉၀ ကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက ပြန်လှည်ဆုတ်ခွါခဲ့ရကာ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ထုတ်ပြန်ချက်

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၁ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက စမ်းလှမ်းရွာထဲဆင်းပြီး ပြည်သူ့ပစ္စည်းတွေ၊ ရိက္ခာတွေကို သွားရောက်လုယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

Guerrilla Dawei တပ်ဖွဲ့က အခုစစ်ဆင်ရေးဟာ ပြည်သူတစ်ဦးတစ်ယောက်နဲ့ မသက်ဆိုင်သလို ပြည်သူတွေအနေနဲ့လည်း စစ်တပ်စခန်းတွေကို သွားလာခြင်းမပြုဖို့နဲ့ ပစ်ခတ်သံတွေကြားရင် ထွက်ပြေးတာတွေ၊ စူးစမ်းတာတွေမပြုလုပ်ဘဲ နီးစပ်ရာ အဆောက်အဦးတွေမှာ အကာအကွယ်ယူကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 

0 Shares:
You May Also Like
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း ယောမှာ စစ်တပ်လေကြောင်း ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ယောက် သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ထိန်းချုပ်၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ရင်းကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။