ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဇန်နဝါရီလ ၁၂ ရက်က ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီး စစ်ကြောင်းထိုးလာရာ PNLA တပ်ဖွဲ့နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းမှူး ၁ ယောက်အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့သလို PNLA တပ်ဖွဲ့က ရဲဘော် ၁ ယောက်သေဆုံးကာ ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီမှာ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ယောက် အသက်ရှင်နေသေးတာကို PNO ပြည်သူ့စစ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပေမယ့် ဇန်နဝါရီလ ၁၃ ရက်ညမှာတော့ ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ယောက်ကို သတ်ဖြတ်ထားတဲ့ မှတ်တမ်းဓာတ်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံမှာ ပါရှိတဲ့ အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ယောက်ကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

PNLA တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နှိပ်စက်သတ်ဖြတ်တာတွေ မပြုလုပ်ခဲ့ဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားခဲ့ပေမယ့် PNO ပြည်သူ့စစ်က ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ယောက်ကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာအလည်ပြန်တဲ့ PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့မှ ပေါက်မြို့သို့ ၂ လကျော်ကြာ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူများကို ရိက္ခာထောက်ပံ့… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ပေါက်မြို့ကို ၂ လကျော်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေကို Pakokku Special Task Force မှ ရဲဘော်တွေနဲ့အတူ ANTS နဲ့ အညာမြေ အဖွဲ့တို့ ပူး​​ပေါင်းပြီး ဆန်၊ ဆီတွေ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိဖို့လိုအပ်ပြီး အမှန်တရားပေါ်မှ စုစည်းမှုသည်သာ အောင်ပွဲအတွက် အစစ်မှန်ဆုံးခွန်အားဖြစ်သည် ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုတွေ ရန်သူကို လက်နက်အင်အားနဲ့ ယှဉ်ပြိုင်ဖို့ထက် အမှန်တရားပေါ်မှာ အခြေခံတဲ့ စုစည်းညီညွတ်မှုနဲ့ အောင်ပွဲဖော်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုလာပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းတွင် ၁ လကျော်ကြာ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ စစ်ရေးဆက်လက်တင်းမာနေ…

" အစပိုင်း သူတို့စစ်ကြောင်းဝင်လာချိန်မှာ ဖြစ်ခဲ့တဲ့ ထိတွေ့မှုတွေမှာ အသေအပျောက်များပါတယ်။ ဒါပေမယ့် အင်အားတွေ ထပ်ဖြည့်ပြီး ၄၀၀ ကျော်လောက်နဲ့ ထိုးလာတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပြောက်ကျားပဲ တိုက်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ သူတို့အထိုင်ချဖို့ ကြံရွယ်နေတဲ့ ရွှေဂူနီ ဘုရားအနီးကို ဝင်တိုက်ခဲ့ပါတယ်။ ​ဒါပေမယ့် လိုအပ်ချက်တွေ ရှိခဲ့တဲ့အတွက် ရည်မှန်းချက်ကို မရောက်ခဲ့ရတာ ပြည်သူလူထုကို လွန်စွာ အားနာမိပါတယ်" လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။