မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်၊ ဒီနေ့မနက်အစောပိုင်းကစပြီး ချောက်မြို့အရှေ့တောင်ဘက်မှာရှိတဲ့ လင်းတကိုင်းတိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ပျူစောထီးတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တာလို့ Chauk Guerrilla Force (C.G.F) ရဲ့တာဝန်ခံကိုပိုင်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရွာကိုစီးနင်းပြီး မီးရှို့ဖျက်ဆီးနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ၆၀ မမ ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“သူတို့ရွာကိုဝင်မယ့်အကြောင်း သတင်းရထားတော့ ရွာခံတွေကို ကြိုရှောင်ခိုင်းထားပြီး ကျနော်တို့စောင့်နေလိုက်တယ်။ မနက် ၇နာရီလောက်မှာ ရွာကိုဝင်တယ်။ မီးခိုးစထွက်ချိန်မှာ ကျနော်တို့ကပြန်ပြီးခုခံဖို့ ဆုံး​ဖြတ်တဲ့အနေနဲ့ လက်နက်ကြီး ၆၀မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်။ အဲ့မှာ သူတို့နားကျရောက်ပေါက်ကွဲလို့ ပြန်ဆုတ်ကြတယ်။အထိအခိုက်တွေရှိပေမယ့် အတည်မပြုနိုင်သေးပါဘူး။ ဒီလိုနဲ့ သူတို့ ပြန်ဆုတ်ရင်း လင်းတကိုင်းတိုက်နယ်ဆေးခန်းဘက်ကိုရောက်တဲ့အခါ ဆေးဝါးတွေကိုယူတယ်။ နောက်ပြီး စစ် မရှောင်မိတဲ့ ပြည်သူတွေဆီကလည်း ငွေကြေးတွေဘာတွေ ယူသွားခဲ့ပါတယ်” လို့ Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုပိုင်က မောင်းကို ပြောပါတယ်။

Chauk Guerrilla Force (C.G.F) ၏ သတင်းထုတ်ပြန်ချက်

တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်ရှင်းလင်းမှုကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ ချောက်မြို့နယ်ဆီ ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာတော့ ရွာထဲပြန်လည်ဝင်ရောက်ကာ နေအိမ်တွေကို မီးငြှိမ်းသတ်တာ အပါအဝင် နယ်မြေရှင်းလင်းရေးတွေ ပြန်ဝင်ခဲ့ရတယ်လို့ ပြောပါတယ်။

ချောက်မြို့ အ​​​ရှေ့တောင်ဘက်မှာရှိတဲ့ လင်းတကိုင်းတိုက်နယ်မှာ အိမ်ခြေ ၃၀၀ ကျော်နီးပါးရှိပြီး စစ်သားနဲ့ ပျူပူးပေါင်းတပ်တွေက စစ်ကြောင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ချောက်ပကဖနဲ့ PDF တွေရဲ့ ကင်းပွိုင့်စခန်းရှိတဲ့ ဆည်ခံရွာကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ခုခံမှုကြောင့် စစ်ကောင်စီ အထိနာခဲ့ဖူးတယ်လို့လည်း ကိုပိုင်က ပြောပါတယ်။

“သူတို့ဝင်စီးတဲ့အခါ ကျနော်တို့က သတင်းလက်ဦးမှုရော ကြိုတင်ပြင်ဆင်မှုပါ ကောင်းကောင်းလုပ်နိုင်တော့ အင်အား ၈၀လောက်ပါတဲ့ စစ်ကြောင်း အင်အား၂၀လောက်ပဲ အကောင်းပကတိ ကျန်တဲ့အထိ ဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်​တွေ ချောက်မြို့နယ်ထဲ ပြန်လည်ဝင်ရောက်သွားပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဆီ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) နဲ့အတူ ချောက်ပကဖ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ အပါအဝင် ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် ဖန်တီးလုပ်ကြံမှုဟု ကိုထိန်လင်း ဝေဖန်

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိ ရေးအတွက် ဖန်တီးထားတဲ့ လုပ်ကြံမှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီကနေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

ကျိုက်မရောမှာ ကောက်ယူရရှိသည့် စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲတာကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။