စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ကင်းပုန်းဝပ်ဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။

ကလေးမြို့နယ် ကျီးကုန်းကျောက်ခုပ်ကွေ့ စသုံးလုံးဂိတ်မှာ ထိုင်ပြီး အရပ်သားတွေထံက ဆက်ကြေးကောက်နေတဲ့ ပေါင်တိုဆိုသူကို ဇန်ဝါရီ ၁၀ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေက ရှင်းလင်းခဲ့ကြပါတယ်။ ပေါင်တိုရဲ့ နေအိမ်ကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်ထားခဲ့ရာ မိုင်းနဲ့ ချိတ်ထားတဲ့ ဘက်ထရီအိုးချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုမရှိခဲ့ဘဲ လက်နက်ကြီးတွေနဲ့ပဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက် နေ့လည်ပိုင်းမှာ ကလေး-ကလေးဝလမ်းအတိုင်း စစ်ကူလာတဲ့ ဒရုန်းပါအကြမ်းဖက်စစ်တပ်ယာဉ် ၂စီးကို ထပ်မံမိုင်းဆွဲဖို့ကြိုးစားပေမယ့် ဘက်ထရီအိုးချို့ယွင်းမှု ထပ်မံ ဖြစ်ပေါ်ပြီး တိုက်ခိုက်မှုမအောင်မြင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညပိုင်းမှာတော့ ကင်းပုန်းဝပ်ဖို့ ခြေလျင်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို ကလေးခရိုင်မိုင်းတပ်ဖွဲ့က ဦးဆောင်ပြီး Operation MoMo နဲ့ မြို့နယ်ပကဖ တို့ ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ် ကော်ကန့်ရွာစာသင်ကျောင်းကို စစ်တပ်လေကြောင်းမှ ဗုံးကြဲချ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကန့်ရွာစာသင်ကျောင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Thawthikho အဖွဲ့ထံက သိရပါတယ်။
Read More

မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အထူးလှုပ်ရှားတပ် – Special Regiment မှ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ် (ရုပ်/သံ)

အထူးလှုပ်ရှားတပ် - Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဇန်နဝါရီ ၇ ရက် မနေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ် ၃ စီးကို ချောင်းဦးနဲ့ နတ်ရေကန်အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Seven People Defence Force - SPDF ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးခန်းတွေကို ဒီဇင်ဘာ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံက သိရပါတယ်။