ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကရင်နီဒေသမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ (KnHRG) က ၂၀၂၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၃လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု အရေအတွက်ကို မနေ့က ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီကြောင့် အရပ်သားပြည်သူ  အနည်းဆုံး ၂၃ ယောက် သေဆုံးခဲ့တဲ့အပြင် ၅၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ ရက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြီး ဒေါ်နိုကူ IDP စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ Karenni Human Rights Group)

တိုက်ခိုက်မှုတွေထဲမှာ  လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အထူးသဖြင့်  စစ်ကောင်စီတိုက်ခိုက်တဲ့နေရာတွေဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ကြရာ ဒေသတွေပဲဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရေအတွက် ( ၁၇၆၅ ) ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ (၅၃၆) ယောက် ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီဒေသမှာ အခုရက်ပိုင်းအတွင်း မြင့်တက်လာတဲ့  စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်  ပြည်သူတွေအနေနဲ့ လူစု၊လူဝေး ရှောင်ရှားဖို့နဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစစ်သား ၄ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော် ဦးဆောင်ဖွင့်လှစ်သင်ကြားခဲ့သည့် (CQB) သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်း အခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၃၁) ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်နှင့် MSRF တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်မှ ၂၉ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်လာပါတယ်။
Read More

မူးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ လည်ပတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင်လ (၂၅) ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြေငလျင်ဒဏ်သင့်နေချိန် အင်တာနက်ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ စစ်ကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော် တောင်းဆို၊ သတင်းအမှောင်ချမှုက ပြည်သူအတွက် ဆိုးကျိုးဖြစ်စေကြောင်း IPCM ပြော

တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကျုံဒိုးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး နှလုံးဖောက်သေဆုံး…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ယောက် နှလုံးဖောက်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။