ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။

စစ်ရေးတွေပြင်းထန်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်အနီးက ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက အထက်ပါ အဓိက မြို့ ၅မြို့မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၁၂၇ ယောက် သေဆုံးခဲ့ရတယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၆ ယောက်၊ အမျိုးသမီး ၁၆ ယောက်၊ အမျိုးသား ၈၉ ယောက်နဲ့ ကျား/မ အတည်မပြုနိုင်သူ ၆ယောက် ပါဝင်ပြီး အများစုဟာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ရှောင်ပြည်သူများ

၂၀၂၄ တစ်နှစ်တာအတွင်း စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်နယ်စပ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူက ၅ထောင်လောက် ရှိနေတယ်လို့လည်း သိရပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့တို့မှာ စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုတွေ ရှိနေလို့  အရပ်သားပြည်သူ၊ စစ်ဘေးရှောင်တွေ သွားလာနေထိုင်ရာမှာ အထူးဂရုစိုက်ကြဖို့နဲ့ လက်နက်ကြီးရန်၊ လေယာဉ်ရန်တွေအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ရှမ်း ကရင်နီနယ်စပ်တွေဖြစ်တဲ့ ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့နယ်က ကျေးရွာတွေမှာ  စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ အနည်းငယ်တည်ငြိမ်နေပေမယ့် ပြန်လည်ပြင်းထန်လာနိုင်တဲ့သဘောလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ရှောင်ပြည်သူများ

ကရင်နီဒေသက လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်မှုတွေရှိနေပြီး နေရာအချို့မှာ စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ အင်အားဖြည့်တင်းမှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေမီးရှို့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေကို PNO ပြည်သူ့စစ်တွေက ရိတ်သိမ်းနေမှုတွေလည်း ရှိနေပြီး အရပ်သားပြည်သူအများစုဟာ မိမိရဲ့ နေအိမ်တွေကို ပြန်ဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြွန်တန်ဆာမြို့ အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ မြို့မအုပ်ချုပ်ရေးမှူး ဖြစ်သလို ပျူခေါင်းဆောင် လည်းဖြစ်တဲ့ ဦးလှသောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ 9 Stars Underground Force , Bago Region တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ရေကြီးရေလျှံနေတဲ့အတွက် တပ်တော်ရဲ့ ဗဟိုဌာနချုပ်မှာ အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။