ကချင်ပြည်နယ် မံစီမြို့က အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွေကို ABSDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်လိုက်ပါတယ်။ 

မံစီမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမြောက်တပ် ၃၅၂ တပ်ရင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနဲ့အတူ ABSDF (ကျောင်းသားတပ်မတော်) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀)၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကနေ ၂၀၂၅ ဇန်နဝါရိ ၈ ရက်အထိ တစ်လတာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မံစီမြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ကျောင်းသားတပ်မတော် (ABSDF) က ဒီဗီဒီယိုနဲ့အတူ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ပြည်သူများ၏ ဆေးဝါးကူညီပံ့ပိုးမှုများကို ရှေ့တန်း သွားရောက်ပို့ဆောင်ခဲ့သည့် မှတ်တမ်းရုပ်သံ မိုးကုတ်ပကဖ ထုတ်ပြန်

ရှေ့တန်းရဲဘော်တွေအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ သွားရောက်ပို့ဆောင်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မိုးကုတ်မြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းကထွက်လာသည့် အကြမ်းဖက်စစ်သားများ စစ်ကြောင်းပျက် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြားသေဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဓားစာခံ ၅၃ ယောက် ဖမ်းဆီးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ဒုတပ်ကြပ်အပါ အများအပြားသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ မုံရွာနမခ ကို ဓားစာခံ ၅၃ ယောက်ဖမ်းဆီးပြီး ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။