တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။

ဥယျာဉ်ခြံစိုက်ပျိုးမှုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ DRPDN အဖွဲ့ဝင်တွေ လုပ်ဆောင်ကာ ကရင်ပြည်နယ်က စစ်ဘေးရှောင်တွေ၊ ထိုင်းနိုင်ငံ မဲဆောက်က CDM စစ်သားတွေ၊ ရဲတွေနဲ့ အခြားဌာနဆိုင်ရာ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင်ဒေသတွေနဲ့ CDM တွေရှိတဲ့နေရာတွေကို သွားရောက်လှူဒါန်းတာပါ။ အခြေအနေအကြောင်းကြောင်းကြောင့် တိမ်ရှောင်လာကြတဲ့ CDM ဝန်ထမ်းတွေအများကြီး မဲဆောက်မှာ ရှိနေကြပြီး နေထိုင်စားသောက် အလုပ်အကိုင်ရရှိရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာရောက် မြန်မာပြည်သူများအနေဖြင့် CDM ဝန်းထမ်းတွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်ပါတယ်” လို့ DRPDN အဖွဲ့ ဒုဥက္ကဌ ကိုဇော်က မောင်းကိုပြောပါတယ်။

DRPDN က ရဲဘော်တွေဟာ ရှေ့တန်းစစ်မြေပြင်အတွင်း ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်းနဲ့ ဒေါင်းမင်းစစ်ကြောင်းတွေမှာ ပါဝင်တိုက်ပွဲဝင်နေတယ်လို့လည်း ကိုဇော်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ံကောင်စီက ဖမ်းမိပြီဆိုသည့် KBZ ဘဏ်ဓားပြ လူပုံစံ မတူတာကြောင့် ဝေဖန်မှုများ မြင့်တက်နေ…

မန္တလေးတိုင်း၊ မန္တလေးမြို့က BKZ ဘဏ်ဓားမြတိုက်မှုမှာ တရားခံဖြစ်သူကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့မှာ ဖမ်းဆီးရမိပြီလို့ ကြေညာခဲ့ပေမယ့် တရားခံရဲ့ လူပုံစံကွဲလွဲနေမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
Read More

ရေစကြိုနယ်က ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟန်ချက်ညီ အထွေထွေထိုးစစ် ဆင်နွှဲရန် လိုအပ်သည့် အခင်းအကျင်းများ ရှိထားပြီးပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့အတွက် ဟန်ချက်ညီတဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ လိုအပ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီပြီလို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။