စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးပြီး မုံရွာ နမခကနေ စစ်ကူအင်အားတွေ ထပ်ရောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးမှုကိုတော့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Monywa Eagle PDF၊ မုံရွာ ပလဖ တိုက်နယ် ၂ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကျည်အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် တော်လှန်ပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗမာ့တပ်တော် အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ အမှတ်စဉ် (၅/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က  ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူများကို ကယ်ထုတ်နေသည့် ရုပ်သံဖိုင် ရန်ကုန်တပ်ရင်း ၅၁၀၁ ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို ရန်ကုန်တပ်ရင်း ၅၁၀၁ က ဒီနေ့ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်း (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။