စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကလေးမြို့နယ်၊ ကျီးကုန်း ကျောက်ခုပ်ကွေ့ စသုံးလုံးဂိတ်မှာထိုင်ပြီး အရပ်သားတွေဆီက ဆက်ကြေးကောက်ရင်း စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပေါင်တိုဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၁၀ ရက် ညပိုင်းမှာ နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ပေါင်တိုဆိုတဲ့လူက စစ်ထွက်တစ်ယောက်ပါ။ သူပေါင် ၁ချောင်းပြတ်သွားလို့ စစ်တပ်က အနားယူနေတာ။ အခု တလရ ကာလမှာ စကစအတွက် အလုပ်ပြန်လုပ်ပေးနေတာ ပြောရမယ်။ ကလေးနဲ့ကလေးဝလမ်းမကြီးပေါ်က ကျီးကုန်း ကျောက်ခုပ်ကွေ့နားမှာ စသုံးလုံးဂိတ်လုပ်ပြီးတော့ လာသမျှကားတွေဆီက ဆက်ကြေးကောက်တယ်။ တလရ သတင်းတွေ ထောက်လှမ်းတယ်ပေါ့။ အဲ့ဒါ အိမ်မှာသူရှိနေချိန် တိတ်တဆိတ်ဝင်ပြီး သေနတ်နဲ့ ၆ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာပါ” လို့ ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲဒီဖြစ်စဥ်အပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းမှာ ပေါင်တိုရဲ့နေအိမ်ဆီ သတင်းလာရောက်မေးမြန်းတဲ့ စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် လက်နက်ကြီးတွေပဲ ပစ်ခတ်ခဲ့ရတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေစဥ်

ဒါ့အပြင် ဇန်နဝါရီလ ၁၂ရက်၊ နေ့လည်ပိုင်းမှာလည်း ကလေးမြို့ကနေ ကလေး-ကလေးဝလမ်းအတိုင်းစစ်ကူလာတဲ့ ဒရုန်းပါစစ်ကောင်စီကား၂စီးကို ထပ်မံမိုင်းဆွဲဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့တာကြောင့် အဲ့ဒီနေ့ ညပိုင်းကျမှပဲ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်ချိန်ကိုစောင့်ကာ မိုင်းခွဲခဲ့ရတယ်လို့ ကလေးခရိုင်မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်မိုင်း အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်ဖို့ကြိုးစားခဲ့တာပါ။ လက်ရှိဘထ္ထရီတွေက အသုံးပြုခဲ့တာ ၁နှစ်ကျော်ခဲ့ပြီမို့ ဘတ္ထရီအားမမှန်တာတွေ အားအဝင်နည်းတာတွေ အားကုန်မြန်တာတွေကြောင့် Error ဖြစ်တာပါ။ ဒါကြောင့် နောက်ထပ်လုပ်ရမယ့် မစ်ရှင်တွေအတွက် မိုင်းနဲ့ချိတ်ဆက်အသုံးပြုရတဲ့ ဘတ္ထရီတွေ အရေးပေါ် အမြန်ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ မိုင်းတစ်လုံးရဖို့ ပြည်သူတွေရဲ့ပိုက်ဆံတွေ မျှော်လင့်ချက်တွေပါတယ် ။ထုတ်လုပ်ရေးရဲဘော်တွေရဲ့‌သွေးချွေးတွေနဲ့ ပေးဆပ်ပြီး လုပ်ထားပေးတယ်။ ရှေ့တန်းမိုင်းဆရာတွေက အသက်စွန့်ပြီး  ရန်သူ့နယ်မြေနဲ့ အနီးကပ်ထောင်ကြရတယ်။  ဒါကြောင့်မို့  ကျနော်တို့အတွက် အရမ်းအရေးပါ ပါတယ်” လို့ ကလေးခရိုင်မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ကလေးခရိုင်မိုင်းတပ်ဖွဲ့က ဦးဆောင်ကာ Operation MoMo နဲ့ မြို့နယ်ပကဖ တို့က ပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့တည်းက စတင်ခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့က ၈ရက်ဆက်တိုက် ကင်းပုန်းဝပ်ပြီးမစ်ရှင်တွေ ဖော်ဆောင်ခဲ့တာပါ။ ၆ရက်နေ့ကစတယ်လို့ ပြောရမယ်။ အခုချိန် စသုံးလုံးဂိတ်က ပေါင်တိုကို ရှင်းနိုင်တာကလွဲလို့ အခြားအသေအပျောက်က စကစ ဖုံးထားလို့ အတိအကျ မသိရသေးပါဘူး။ အသေအပျောက်က ရှိပါတယ်။” လို့ ကလေးခရိုင်မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာ အပါအဝင် ကလေးကွန်ပျူတာ တက္ကသိုလ်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေစဥ်
0 Shares:
You May Also Like
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာငံမှာ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေ ပစ်ခတ်ရှင်းလင်းခံရ​.. အထိနာထားတဲ့ စစ်အုပ်စုက ရွာ၃ရွာကို ပိတ်ဆို့ပြီး အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ..

ရှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးတွေ ဆက်တိုက်ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီက ကျေးရွာ ၃ရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။