မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁  ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့   မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ တောင်သာမြို့နယ် နန်းမြင့်ရွာအရှေ့ဘက် နန်းမြင့်စွယ် ဘုန်းကြီးကျောင်းအတွင်း အင်အားအများအပြားနဲ့ စုပေါင်းထားပြီး တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေချိန်   မြင်းခြံခရိုင်တပ်ရင်း(၃)  ဒရုန်းအဖွဲ့က 28KG ဗုံးသီးတွေ ကြဲချပြီး တောင်သာမြို့နယ်ပကဖနဲ့အတူ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်ပစ်ခတ်ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဲဒီနောက် ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ယာဉ် ၄ စီးနဲ့ မြင်းခြံမြို့သို့ ဆုတ်ခွာလာခဲ့ရာ  ယာဉ်တန်းကို ၂ နေရာခွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲလိုတိုက်ခိုက်ရာမှာ ယာဉ်တန်းရဲ့ ရှေ့ဆုံးယာဉ်ပေါ်မှာပါတဲ့ ပျူစောထီးအများအပြားသေဆုံးပြီး ကျန်တဲ့ ယာဉ် ၃ စီး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစစ်ဆင်ရေးကို Myingyan District Army-3_MDA-3_Taungtha Youth၊ တောင်သာပကဖ၊ စွန်ရဲ(မြင်းခြံပကဖ)၊ မြင်းခြံခရိုင်တပ်ရင်း၁၊ တပ်ရင်း၂၊ တပ်ရင်း၇နဲ့ တပ်ရင်း၈ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပေါ်တာဆွဲခံရတဲ့ လူငယ်ကိုလည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကာ အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့အနောက်ဘက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ‌‌တောင်သာမြို့ အနောက်ဂိတ် ‌(ခေါ်) သံလမ်းဂိတ်ကို တော်လှန်ရေးတပ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Scorpions People Defense Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးလှုပ်ရှားမှု ပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်မြောက်အဖြစ် လေ့ကျင့် ရေး၊ စစ်ဆင်ရေးနဲ့ လူထုအခြေပြုလုပ်ငန်း လုပ်ငန်းလုပ်ဆောင်ချက် မှတ်တမ်းရုပ်သံကို PRF အလံတင်သီချင်းနဲ့အတူ ထုတ်ပြန် လိုက်ပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်တောင် ရပ်ကွက် ၃ ကို စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ယောက် သေဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေထံက သိရပါတယ်။