မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတော်ရွာအနီး လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့  ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ အင်အား ၅၀ ခန့်နဲ့ အုန်းတောရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းဖြန့်ကာ စစ်ကြောင်းထိုးလာစဉ် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ ၁ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဘက်ကို ကံပြားရဲစခန်းကနေ တပ်ကူတွေ ထပ်မံရောက်ရှိလာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ကာ လင်းဇင်းရဲစခန်းဘက်နဲ့ ဆည်ကံရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တော်လှန်ရေးရဲဘော်တွေထောင်ထားတဲ့ တိုက်မိုင်းကို နင်းမိကာ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုးကာ အပြင်းအထန်တိုက်ခိုက်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အီရန်နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန် (ရုပ်/သံ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တာချီလိတ်မြို့မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက် ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲခံရ (ရုပ်/သံ)

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။