ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ် (အမတ ၃၄၄) အနီးမှာရှိတဲ့ ကျောက်ခဲချောင်းကျေးရွာ မူလွန် စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးကာ ကျောင်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

စစ်ကောင်စီက အမတ ၃၄၄ အနီးမှာ လေယာဉ်ကွင်းဆောက်လုပ်နေတာကြောင့် မလွတ်တဲ့ နေအိမ်တွေကို ဖယ်ရှားခိုင်းနေပြီး တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်စိတ်နဲ့ ကလေးအများစုက ကျောင်းမတက်ကြတာလို့ သိရပါတယ်။

“အခု ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေနေ့ပါ ကျောင်းတတ်ခိုင်းတာ၊ ကျောင်းအုပ်ကြီးကိုယ်တိုင်က ကျောင်းမတက်မနေရဆိုပြီး ကျောင်းသားမိဘတွေကို ခေါ်ခိုင်းနေတယ်။ ကျောင်းမှာက အခုဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ကျောင်းမတက်ကြဘူး” လို့ အမည်မဖော်လိုတဲ့ ကျောင်းသားမိသားစုဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်သားအင်အား မလုံလောက်တော့တာကြောင့် ကျောက်ခဲချောင်းကျေးရွာမှာရှိတဲ့ သစ်တောဝန်ထမ်းတွေကို သေနတ်တွေ ထုတ်ပေးပြီး လုံခြုံရေးတာဝန်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း နေထိုင်သူတွေကို နယ်ပြောင်းရွှေ့ခွင့်နဲ့ ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် နေရာအများအပြားကို ရခိုင့်တပ်တော် AA ထံ လက်လွှတ်လိုက်ရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်နဲ့ နီးကပ်နေတဲ့ ဧရာဝတီတိုင်းထဲမှာ ကြောက်လန့်တကြား ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတွေကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီ ကျောက်မျက်ရတနာပွဲ ပြုလုပ်နေ

ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်လို ဒေသတွေနဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေရှိရာ ဒေသတချို့ကို စစ်ကောင်စီက လက်လွှတ်ထားရချိန်မှာပဲ နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြီး ကျောက်မျက်ရတနာပြပွဲကို ကျင်းပပြုလုပ်နေပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိတဲ့မြို့တွေကို အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ လူထုကို သွားရောက်တွေ့

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ ရေနံကုန်းကွက်သစ်ကို စစ်အုပ်စု အင်အားအလုံးအရင်းသုံး မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ သံချပ်ကာကားတွေ အသုံးပြုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ရေနံချက်ဖိုတွေရှိရာ ရေနံကုန်းကွက်သစ်ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။