ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဆိုပါ  ဖီလ်သွန့်တံတားကို CC တပ်တွေက ဇန်နဝါရီလ ၅ ရက်နေ့မှာ စတင်ပြီး ဘာအကြောင်းပြချက်မှ မပေးဘဲ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

ဖီလ်သွန့်တံတား (Philtun lei)

လမ်းတံတားပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာမှု နှောင့်နှေးမှုတွေဖြစ်နေတာကြောင့် တံတားကို ပြန်လည်ဖွင့်ပေးဖို့ ဒေသခံပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲ့ပေမယ့် လက်ရှိချိန်ထိတော့ ပြန်လည်ဖြတ်သန်းသွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ်။  

“လမ်းတံတားပိတ်ဆို့မှုနဲ့ ပတ်သက်လို့ တွီးထန်ကျေးရွာက ဒေသခံပြည်သူတွေက ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တစ်အိမ်တစ်ဦးနှုန်းနဲ့ လူဦးရေ (၅၀၀) ကျော် မဏိပူရမြစ်ကူးတံတားကို သွားရောက်ပြီး  CC တပ်တွေကို လမ်းတံတား ပြန်ဖွင့်ပေးဖို့နဲ့ စခန်းချထားတဲ့နေရာကနေ ထွက်ခွါပေးဖို့  ဆန္ဒဖော်ထုတ်ခဲ့မေယ့် လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးဘူး”လို့ ဒေသခံတွေ ပြောပါတယ်။ 

“ဘာကိစ္စကြောင့် လမ်းတံတား ပိတ်တယ်ဆိုတာမျိုးကို ဒေသခံပြည်သူလူထု၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ကို အသိပေးခြင်း၊ သဘောတူညီမှုရယူခြင်းမျိုးမရှိဘဲ နယ်မြေကျူးကျော် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း” PDF Zoland တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ တီးတိန်မြို့နယ်ဟာ ချင်းညီနှောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ZFU/PDF Zoland တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တံတားပြန်ဖွင့်ပေးဖို့ သွားရောက်ပြောဆိုနေစဉ်
တံတားပြန်ဖွင့်ပေးဖို့ သွားရောက်ပြောဆိုနေစဉ်
တံတားပြန်ဖွင့်ပေးဖို့ သွားရောက်ပြောဆိုနေစဉ်

အဆိုပါ တီးတိန်မြို့နယ်အခြေပြု တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland  က တိုက်ပွဲဖော်ဆောင်မယ်ဆိုရင် ပြည်သူလူထုကို ကြိုတင်သတိပေးမှာ ဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇) ရက်နေ့မှာ လူမှုစာမျက်နှာကနေတဆင့် သတင်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တီးတိန်မှာ တိုက်ပွဲဖြစ်လာနိုင်တယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် ပြည်သူတွေက စစ်ရှောင်ကြရာမှာတော့ CC အဖွဲ့တွေက အဆိုပါ တံတားကို ပိတ်လိုက်တာ ဖြစ်တယ်လို့ ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်က မောင်းကို အခုလို ပြောပါတယ်။ 

“တံတားပြန်ဖွင့်ဖို့ကို ပြည်သူတွေ ဆန္ဒဖော်ထုတ်ဖို့သွားတာ ကား (၇) စီးနှင့် ဆိုင်ကယ် (၃၀) ကျော် ..၊ တံတားက လာသမျှကား ဆိုင်ကယ် အားလုံး အဝင်အထွက်ပိတ်တာပါ… သွားချင်တဲ့ကားရှိရင် သိန်း ၃၀၀ ပေးပြီးမှ ဖြတ်လို့ရတယ်ဆိုပြီး ငွေညှစ်တယ်၊ ကျေးရွာထဲမှာလည်း ပြည်သူလူထုကို ခြောက်လှန့်သည့်အနေနဲ့ သေနတ်ပစ်ဖောက်တာတွေလည်း လုပ်ဆောင်နေတယ်” လို့ ရောဘတ်က ဆိုပါတယ်။ 

မောင်းက ရရှိထားတဲ့ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ရုပ်/သံဖိုင် ‌တွေထဲမှာလည်း ဒေသခံများ လူစုလူဝေးနဲ့ သွားရောက်ပြောဆိုနေပုံတွေကို တွေ့မြင်ရပါတယ်။

အထက်ပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး Chinland Council ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

တွီးထန်ကျေးရွာ
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်သင်တန်းကျောင်းအုပ် ကဗျာဆရာ ညီလင်းခ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အနောက်မြောက်စစ်ဒေသရဲ့ ကြီးကြပ်ရေးကော်မတီဝင်၊ စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာ ညီလင်းခ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး ဒုရဲ​အုပ်အပါအဝင် ၂ ယောက်သေကာ ပျူအများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွား​ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်…

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

လားရှိုးက စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ မိသားစု၀င် ၃၁ ယောက်ကို MNDAA ထပ်လွှတ်ပေး

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။