စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

(တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က မီးဘေးသင့်ပြည်သူတွေကို ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာခြောက်စတဲ့ အခြေခံစားနပ်ရိက္ခာတွေနဲ့ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း အစရှိတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တာပါ။

အဲ့ဒီမီးဘေးသင့် ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ် ပြင်းထန်စွာစစ်ကြောင်းထိုးမှုတွေကြောင့် အိုးအိမ်စည်းစိမ် ပျက်ဆီးသွားခဲ့ရတာဖြစ်တယ်လို့ ( တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်နေ အရပ်သားပြည်သူ ၁၀၀၀ ကျော် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရာ ဒေသခံပြည်သူ ၁၀၀၀ ကျော်က ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ငါးသရောက်မြို့က စစ်ကောင်စီရဲ့ ရုံး ၄ ရုံးကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့က စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ လက်အောက်ခံ ရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။