ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဇန်နဝါရီ ၁၃ ရက် တစ်ရက်တာအတွင်း နွံကန်ပြိုကျမှုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် လူအများအပြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၁ နာရီခန့်က  ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စဘော့ကျေးရွာအနီးရှိ နွံကန် ပြိုကျပြီး နေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးကာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရ တယ်လို့ သိရပါတယ်။

တစ်ရက်တည်းမှာပဲ ဖားကန့်မြို့နယ် မဇွပ်ယာန်မြို့ မြဥယျာဉ်ကုမ္ပဏီလုပ်ကွက်အတွင်းနဲ့ ဆန်ခါကျေးရွာ လုပ်ကွက်နေရာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုတွေရှိပြီး အရေအတွက် များပြားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲနှင့် စစ်သား ၄ ဦးသေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

“ထိတွေ့မှုက ၃ မိနစ်ပဲကြာတယ်။ ပြီးဆုံးချိန်ကတော့ ၁နာရီ ၄၅ မှာ ပြီးတယ်၊ ကျနော်တို့ ဝပ်နေတဲ့နေရာကို သူတို့မွေးထားတဲ့ ခြေလေးချောင်း ခွေး ၂ကောင် ရောက်လာပြီး ဟောင်မယ်လုပ်လို့ စောပစ်လိုက်ရတာ၊ ခွေးသာ မပါရင် အကုန်သေတယ်။ ခွေးက စစ်**တွေကို ကယ်သွားတာ၊ ကျနော်တို့ဘက် ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရသေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေါင်းညီနောင် PKU တာဝန်ခံ ဦးကလားက မောင်းကို ပြောပါတယ်။
Read More

ကလေးမြို့ရှိ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာနဲ့ ထိုမာကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင် ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဟိန်းမင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''ကျနော်တို့ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေ၊ နေ့စဉ်နားထောင်နေရတဲ့ဟာတွေ တာဝန်တွေက အဓိပ္ပာယ်မရှိဘူးထင်လို့ အလင်းလာဝင်တာ။ စကစဝါဒဖြန့်ထားတဲ့ဟာက အမှားကြီးပေါ့။ သူတို့က အောက်‌ရောက်ရင် သတ်ပစ်တယ်ပြောတယ်။ အဲလိုမဟုတ်ပါဘူး။ အောက်ရောက်လို့ရှိရင် ကြိုဆိုမယ့်သူတွေက အများကြီးပါ။ လက်ဆွဲနှုတ်ဆက်မယ့်သူက အများကြီးပါ။ လာမယ်ဆို လာလို့ရပါတယ်''
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။