စစ်အာဏာသိမ်းထားတဲ့  ၄နှစ်တာ နီးပါးကာလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေက  ၄သန်းကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက်က နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ Blood Money က ထုတ်ပြန်ပါတယ်။

၂၀၂၁  ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် စစ်ရှောင်ပြည်သူအရေအတွက်မှာ လူဦးရေ ( ၄ ) သန်း ကျော်အထိရှိလာခဲ့ပြီး ပြည်သူတွေဟာ  အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ နေရာထိုင်ခင်းနှင့် အကာအကွယ်များပါအဝင် မျိုးစုံသော စိန်ခေါ်မှုများကြားတွင် ရင်ဆိုင်နေရတယ်လို့ ဖော်ပြလာပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ (၂၀၂၁) ခုနှစ် မတိုင်မီနှင့် နှိုင်းယှဉ်ပါက စစ်ရှောင်လူဦးရေမှာ (၂.၇) သန်း ခန့် ပိုများလာတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ  အရပ်သားနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများနဲ့ စစ်ရှောင်ပြည်သူများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့   လေကြောင်းအန္တရာယ်ကြောင့် ပြည်သူမတွေဟာ  အိုး၊အိမ်များ၊ စားနပ်ရိက္ခာများကို စွန့်ခွာ၍ ထွက်ပြေးကြရခြင်း သို့မဟုတ် စားနပ်ရိက္ခာတွေ ရှားပါးလာခြင်းတို့နဲ့ ကြုံတွေ့ရလျက်ရှိပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ တွင် စစ်ဘေးရှောင်ဦးရေ မြင့်တက်လျက် ရှိပြီး မြန်မာပြည်ရဲ့ အနောက်မြောက်ပိုင်းတွင် စစ်ဘေး ရှောင်ဦးရေ ၉၇၀ç၀၀၀ ကျော်ဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar)က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်များအနေနဲ့  စစ်ဘေး ရှောင်စခန်းများနှင့် တောတောင်များနှင့် သစ်တောများတွင် နေထိုင်ကြရပြီး ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းက နေရာအများစုတွင် စစ်ဘေး ရှောင်စခန်းများစွာ တိုးပွားလျက်ရှိပါတယ်။

တိုက်ပွဲများ ဖြစ်ပွားနေချိန် တွင် အိုးအိမ်များ ပျက်စီးခြင်း၊ ဝန်ဆောင်မှု များ လက်လှမ်းမီမှု ချို့တဲ့ခြင်းနှင့် အသက် မွေးဝမ်းကျောင်း ချို့တဲ့ခြင်းတို့ကြောင့် အချို့သော စစ်ဘေးရှောင်များအနေဖြင့် ရွှေ့ပြောင်းနိုင်ရန် အရေးတကြီးလိုအပ်နေ တယ်လို့လည်း သိရပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၁၇ ဒသမ ၆ သန်း မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုစီမံချက်တွင် ပဋိပက္ခဒဏ်ခံရသော ကျေးလက်ဒေသများမှ လူဦးရေ ၄ ဒသမ ၅ သန်းကို ကူညီပေးရန် ပစ်မှတ်ထားဆောင် ရွက်နေကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး Blood Money အဖွဲ့က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီ အပေါ်စီးက ဆွေးနွေးနိုင်ကြောင်း TNLA ခေါင်းဆောင် ပြော

စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA) တို့ တွေ့ဆုံမယ့် ကူမင်းဆွေးနွေးပွဲမှာ စစ်တပ်ဘက်ကအပေါ်စီးကနေ ဆွေးနွေးနိုင်ကြောင်းကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော်၊ အမှတ် (၂၁၀၅) တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့

ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ထောက်ပံ့ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။